ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကရင်ပြည်နယ်လွှတ်တော်ရုံး

ကြေညာချက်အမှတ် ( ၄ / ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်)

ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်ဝေး

ကျင်းပရန်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၇၄၊၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်၊ ကရင်ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကရင်ပြည်နယ်လွှတ်တော်ရုံး၌ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက် (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်)၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

(ပုံ) စောချစ်ခင်

ဥက္ကဋ္ဌ