စာကြည့်တိုက်ရှိစာအုပ်များကို ပညာရပ်ရာစုအလိုက် အောက်ပါအတိုင်းခွဲခြားသတ်မှတ် ထားပါသည်-
(က) ပညာရပ်အမှတ် (၀၀၀) အထွေထွေ
(၁) အထွေထွေဗဟုသုတစာအုပ်များ
(၂) စာကြည့်တိုက်ပညာရပ်ဆိုင်ရာစာအုပ်များ
(၃) စွယ်စုံကြမ်းများ
(၄) အထွေထွေစာစောင်များ
(၅) သတင်းစာများနှင့် သတင်းစာအကြောင်းစာအုပ်များ
(၆) အထွေထွေစာညွှန့်ပေါင်းများ
(၇) လက်ရေးစာမူများ၊ ရှားပါးစာပေများ၊ ပေ၊ ပုရပိုက်များ
(ခ) ပညာရပ်အမှတ် (၁၀၀) ဒဿနိကဗေဒ
(၁) အရှေ့တိုင်း၊ အနောက်တိုင်း၊ ဒဿနိကဗေဒ
(၂) ဗေဒင်၊ နက္ခတ်၊ လက္ခဏာ၊ အင်္ဂဝိဇ္ဇာ၊ ဓာတ်ရိုက်၊ အတိတ်၊ တဘောင်၊ အိပ်မက်၊ အိပ်မွေ့ချ၊ စုန်း၊ ကဝေ၊ တစ္ဆေ၊ သူရဲ၊ နတ်၊ အင်းအိုင်လက်ဖွဲ့၊
မန္တာန်၊ ဂါထာမန္တရား၊ သိုက်၊ မျက်လှည့်နှင့် အခြားလောကီပညာရပ်များ
(၃) စိတ်ပညာ၊ မှတ်ဉာဏ်
(၄) ယုတ္တိဗေဒ
(၅) ယောဂီကျင့်ဝတ်
(၆) လူ့ကျင့်ဝတ်၊ ပေါင်းသင်းဆက်ဆံရေးကျင့်ဝတ်၊ ပြည်သူ့နီတိ စသောစာအုပ်များ
(ဂ) ပညာရပ်အမှတ် (၂၀၀) ဘာသာအယူဝါဒ
(၁) ဗုဒ္ဓဘာသာအယူဝါဒ
(၂) ခရစ်ယာန်ဘာသာအယူဝါဒ
(၃) မဟာမေဒင်ဘာသာအယူဝါဒ
(၄) ဟိန္ဒူဘာသာအယူဝါဒ
(၅) အခြားဘာသာအယူဝါဒ
(ဃ) ပညာရပ်အမှတ် (၃၀၀) လူမှုရေးသိပ္ပံ
(၁) အိမ်ထောင်ရေး
(၂) စာရင်းအင်းပညာ၊ သန်းခေါင်စာရင်း
(၃) နိုင်ငံရေးသဘောတရားနှင့်ပါတီများ
(၄) ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဒီမိုကရေစီဝါဒ အစရှိသောနိုင်ငံရေးပါတီများ
(၅) နိုင်ငံခြားနှင့်ဆက်သွယ်ရေး လူဝင်လူထွက်လမ်းကြောင်း
(၆) ဘောဂဗေဒ၊ ဘဏ္ဍာရေး၊ ငွေကြေး၊ စီးပွာရေး၊ စီမံကိန်းများ
(၇) အလုပ်သမားရေးရာ
(၈) ဥပဒေသများ
(၉) ကုလသမဂ္ဂ
(၁၀) အစိုးရပြည်သူ့အုပ်ချုပ်ရေး
(၁၁) ရာဇဝတ်မှုနှင့် အကျဉ်းထောင်များ
(၁၂) လူမှု့ဝန်ထမ်း၊ လူမှုဖူလုံရေး၊ အာမခံစနစ်
(၁၃) စစ်ပညာ
(၁၄) အကောက်အခွန်၊ အမြတ်ခွန်
(၁၅) ပညာရေး
(၁၆) ဝါဏိဇ္ဇဗေဒ(ကူးသန်းရောင်းဝယ်ရေး)
(၁၇) သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး
(၁၈) ဓလေ့ထုံးစံများ
(၁၉) စကားပုံများ
(၂၀) ဒဏ္ဍာရီနှင့်ရိုးရာဓလေ့၊ ရိုးရာပုံပြင်များ
(င) ပညာရပ်အမှတ် (၄၀၀) ဘာသာစကား
(၁) မြန်မာနှင့်အခြားတိုင်းရင်းသားဘာသာစကားများ
(၂) အင်္ဂလိပ်ဘာသာစကား
(၃) ပါဠိ၊ ဟင်ဒီ၊ တမေလ်၊ ဘင်္ဂါလီအစရှိသော အိန္ဒိယတိုင်းရင်းသား ဘာသာစကား
(၄) တရုတ်ဘာသာစကား
(စ) ပညာရပ်အမှတ် (၅၀၀) ရိုးရိုးသိပ္ပံ
(၁) သင်္ချာပညာ၊ ဂဏန်းသင်္ချာ
(၂) နက္ခတ္တဗေဒ
(၃) ရူပဗေဒ
(၄) ဓာတုဗေဒ
(၅) ဘူမိဗေဒ
(၆) မနုဿဗေဒ
(၇) ရုက္ခဗေဒ
(၈) သတ္တဗေဒ
(ဆ) ပညာရပ်အမှတ် (၆၀၀) အသုံးချသိပ္ပံ
(၁) ဆေးပညာ
(၂) စက်မှုဗေဒ၊ အင်ဂျင်နီယာသိပ္ပံပညာရပ်
(၃) စိုက်ပျိုးရေး၊ မွေးမြူရေး
(၄) အိမ်တွင်းမှုသိပ္ပံ
(၅) ရုံးလုပ်ငန်း၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးပညာ
(၆) ပုံနှိပ်လုပ်ငန်း
(၇) စာရင်းကိုင်ပညာ
(ဇ) ပညာရပ်အမှတ် (၇၀၀) အနုပညာ
(၁) ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းယွန်းပညာ
(၂) ဓာတ်ပုံပညာ
(၃) သီချင်းဂီတ၊ တီးမှုတ်ပညာ၊ ကခုန်ခြင်းပညာ
(၄) ဇာတ်သဘင်၊ ရုပ်ရှင်၊ ပြဇာတ်၊ ရေဒီယို၊ မျက်လှည့်
(၅) အားကစား၊ ကျား၊ စစ်တုရင်အပါအဝင် အပျင်းပြေကစားနည်းများနှင့် အခြားပျော်ရွှင်မှုများ
(၆) ပြေးခုန်ပစ်ကစားနည်းများ၊ ခြင်းလုံး၊ ဘောလုံး၊ ကြက်တောင်ရိုက်စသော ပြိုင်ပွဲဝင်အားကစား နည်းများနှင့် ဂျူဒို၊ ကရာတေးစသော
ကိုယ်ခံပညာ ကစားနည်းများ
(၇) ရေးကူးခြင်း၊ လှေလှော်ခြင်း
(၈) အမဲလိုက်ခြင်း
(ဈ) ပညာရပ်အမှတ် (၈၀၀) စာပေ
(၁) မြန်မာနှင့်တိုင်းရင်းသားစာပေ
(၂) အင်္ဂလိပ်စာပေ
(၃) ဥရောပတိုင်းရင်းသားစာပေ (အနောက်တိုင်း)
(၄) အရှေ့တိုင်းရင်းသားစာပေ (အရှေ့တိုင်း)
(ည) ပညာရပ်အမှတ် (၉၀၀) ပထဝီနှင့်သမိုင်း
(၁) ပထဝီပညာရပ်နှင့် နိုင်ငံအသီးသီး၏ပထဝီအကြောင်း
(၂) နိုင်ငံသမိုင်းပညာနှင့် ကမ္ဘာ့သမိုင်း၊ အပြည်ပြည်ဆိုင်ရာသမိုင်းများ
(၃) ခရီးသွားမှတ်တမ်းများ
(၄) အတ္ထုပတ္တိ
(ဋ) ရည်ညွှန်းစာပေများ
(၁) စွယ်စုံကျမ်း
(၂) နှစ်ချုပ်
(၃) အဘိဓာန်
(၄) လက်စွဲစာအုပ်
(၅) လမ်းညွှန်စာအုပ်
(၆) အထ္ထုပ္ပတ္တိအဘိဓာန်
(၇) မြေပုံစာအုပ်
(၈) ဂေဇက်တီးယား
(၉) အညွှန်းစာအုပ်
(၁၀) စာစုစာရင်း