လွှတ်တော် ဧည့်ဝန်ဆောင်မှု

ရည်ရွယ်ချက်

မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးအခန်းကဏ္ဍများတွင် ပြည်သူနှင့်လွှတ်တော်ကြား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လွှတ်တော်လုပ်ငန်းစဉ်များ၏ အရေးပါမှုအခန်းကဏ္ဍအား ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်များကို သိရှိစေရန်ဖြစ်သည်။

လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ
  • လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခံယူရမည်။
  • လွှတ်တော်အစည်းအဝေးသို့လာရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှ လွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများ ယူဆောင် အသုံးပြုခြင်း မပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခွင့်မပြု။
  • အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် ဥက္ကဋ္ဌ ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံး ထိုင်နိုင်ပါပြီဟုခွင့်ပြုမှသာ ထိုင်ပေးကြပါရန်။
  • အဆိုပါလွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်း ကိုယ်စားလှယ်များလက်ခုပ်တီးသည့်အခါတွင် ဧည့်သည်များဖြစ်သည့်အတွက် လက်ခုပ်မတီးကြပါရန်နှင့်အစည်းအဝေး မရပ်နား၊ မပြီးဆုံးမီအပြင်သို့လုံးဝထွက်ခွါခွင့်မပြုကြပါရန်။
  • လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်း မပြုလုပ်ရ။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ရမည်။ (ဥပမာ – စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊ လက်ပြတ်အင်္ကျီ စသည်တို့ မဝတ်ဆင်ရ။)
လေ့လာနိုင်မည့် အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင်နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။ မှတ်ချက်။ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း လာရောက်လေ့လာပါက အစည်းအဝေးကျင်းပပြုလုပ်ပုံအား ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အစည်းအဝေးရပ်နားစဉ်ကာလများတွင် လွှတ်တော်အဆောက်အဦနှင့် အခြားလေ့လာစရာများအား လေ့လာနိုင်မည်ဖြစ်ပါသည်။

လာလာရောက်လေ့လာရန် လျှောက်ထားနိုင်သည့်လိပ်စာများ

လွှတ်တော်သို့ လာရောက်လေ့လာလိုသော ပြည်သူများ လွှတ်တော်ရုံး အကြီးအမှူးထံ လိပ်မူ၍ သုံးရက်ကြိုတင် အကြောင်းကြားစာပေးပို့ရပါမည်။ စာ၊ အီးမေး၊ ဖက်စ်ဖြင့် ပေးပို့နိုင်ပြီး လူအမည်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်/ပတ်စ်ပို့နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ယာဉ်အမှတ်နှင့် ယာဉ်မောင်းစာရင်းများ ပူးတွဲပေးပို့ရပါမည်။ လေ့လာသူများအနေဖြင့် လွှတ်တော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် လိုအပ်ပါသည်။

စာဖြင့်တိုက်ရိုက်လျှောက်ထားလိုသူများဆက်သွယ်ရန်ဖုန်းနံပါတ်

ဖုန်း/Fax ၀၅၈-၂၃၄၇၀

Online မှလျှောက်ထားလိုသူများဆက်သွယ်ရန်e-mail လိပ်စာ

[email protected]

[email protected]