ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဒေါက်တာတင်ဝင်းကျော်(ကွယ်လွန်) ၂။ အခြားအမည် – ဦးချို ၃။ လူမျိုး/ဘာသာ – ဗမာ / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၃/လဘန(နိုင်)၀၀၉၁၈၂ ၅။ မွေးသက္ကရာဇ်/အသက် – ၂၅ . ၅ . ၁၉၆၁ (၅၅)နှစ် ၆။ မွေးဖွားရာဇာတိ – ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့ ၇။ ပညာအရည်အချင်း – အမ်ဘီဘီအက်(စ်) ၈။ လက်ရှိအလုပ်အကိုင် – ကိုယ်ပိုင်ဆေးခန်း ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးကျော်အေး(ကွယ်လွန်) ၁၀။ အမိအမည်၊ အလုပ်အကိုင် – ဒေါ်သိန်းတင်၊ မှီခို ၁၁။ ဇနီး/ခင်ပွန်းအမည်၊ ဆက်လက်ဖတ်ရှု့ရန်
Day: June 23, 2019
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အာမခံ ချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပ
လွှတ်တော်ရုံး Minor Meeting Room၌ကျင်းပပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အာမခံ ချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ဒုတိယ အကြိမ် ကရင်ပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမေးမြန်းခဲ့သည့် ကြယ်ပွင့်ပြ/ မပြ မေးခွန်းများအနက် ကတိဖြစ်မေးခွန်းများ ရွေးချယ်သတ်မှတ်ပေးနိုင်ရေးအတွက်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြ သည့် ဦးစောထူးကပေါ်၊ ဦးတင်မျိုးဦး၊ ဦးစောဝင်းထိန်၊ ဦးအိုက်ကျန်ခမ်း၊ ဦးသန့်ဇင်အောင်၊ ကတိကဝတ်ကော်မတီဥက္ကဌ ဦးစောလှမြင့်၊ကရင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးသန်းနှင့် ရုံးအဖွဲ့တို့က ညှိနှိ်ုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက် သည့်အခါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်အရာများကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံစဉ်တွင် အကောင်အထည်မဖော်ရသေးသည့် ကိစ္စရပ် များရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လာရောက်တွေ့ဆုံရာတွင် မိမိတို့ကျေးရွာများမှ ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးများက မေးမြန်းတင်ပြကြစေလိုကြောင်း၊ မိမိရပ်ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ယခုတွေ့ဆုံပွဲမှ သိရှိခဲ့သည့်အကြောင်းအရာများကို ကျေးရွာလူထုများ ထံသို့ ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆက်လက်ဖတ်ရှု့ရန်