ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းကော်မတီ KUPC က အထက်မြန်မာပြည် ကရင်လူထုနှင့် တွေ့ဆုံပွဲ မန္တလေးမြို့၌ ဒီဇင်ဘာလတွင် ပြုလုပ်မည်

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များတွင် အထက်မြန်မာပြည်ရှိ ကရင်လူထု၏ သဘောထားဆန္ဒ ရယူရန် မန္တလေးမြို့၌ ယခုနှစ် ဒီဇင်ဘာလတွင် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းကော်မတီ (KUPC)က တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အနေဖြင့် ကရင်လူထု၏ သဘောဆန္ဒ ရယူရန် လူထုတွေ့ဆုံပွဲကို ကရင်တိုင်းရင်းသားများ အများစု နေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်း ဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် KNU ဗဟိုဌာနချုပ် တည်ရှိရာ ကော်သူလေးဒေသတို့တွင် ပြုလုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ရည်ရွယ်ပြီးနောက် KUPC အနေဖြင့် လှိုင်းဘွဲ့၊ ဘားအံ၊ သထုံ၊ ပဲခူး၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ မြဝတီ၊ သံဖြူဇရပ် စသည့်မြို့များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုဆီက ဘာတွေအသံထွက်တယ်။ ဘာတွေတုံ့ပြန်တယ်။ ဘာကိုလိုလားတယ်။ ဘာကိုအကြံပြု နိုင်သလဲ ဆိုတာကို အောက်ခြေအထိ ဆင်းပြီးတော့ ကျွန်တော်တို့ ကော်မတီက လိုက်လံတွေ့ဆုံတာပါ။ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး အတွက်ပဲ . . . . . ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော KUPC အစည်းအဝေးတွင် ဆုံးဖြတ်ချက်လေးခု ချမှတ်ရာ မပြီးပြတ်သေးသော လူထုတွေ့ဆုံပွဲများ ဆက်လက်လုပ်ဆောင်ရန် အချက်ကို ထည့်သွင်းဆုံးဖြတ်ခဲ့ပြီး အထက်မြန်မာပြည် ဒေသများအတွက် မန္တလေးတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လူထုဆီက ဘာတွေအသံထွက်တယ်။ ဘာတွေတုံ့ပြန်တယ်။ ဘာကိုလိုလားတယ်။ ဘာကိုအကြံပြု နိုင်သလဲ ဆိုတာကို အောက်ခြေအထိ ဆင်းပြီးတော့ ကျွန်တော်တို့ ကော်မတီက လိုက်လံတွေ့ဆုံတာပါ။ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး အတွက်ပဲ” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ ထိုကဲ့သို့ လူထုနှင့် တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားများ၊ ကော်မတီ အဖွဲ့ဝင် အဖွဲ့အစည်းများမှ အကြံပြုချက်များ ပေါင်းစပ်၍ စာတမ်းတစ်စောင် ရေးသားပြုစုကာ ကော်မတီ အနေဖြင့် အစိုးရနှင့် KNU အဖွဲ့သို့ ပေးအပ်ရန်ရှိကြောင်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ KNU ဗဟိုကော်မတီ အဖွဲ့ဝင် ဖဒိုစောလှထွန်းက ပြောကြားသည်။ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ကရင်လွှတ်တော် ကိုယ်စားလှယ်အချို့ အပါအဝင် ကရင်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အဖွဲ့ဝင် ၅၂ ဦးရှိပြီး အရန်အဖွဲ့ဝင် ၁၀ ဦး ထပ်မံတိုးလာကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။

Leave a Reply

Your email address will not be published.