ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမိုများပြားနိုင

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပြီး သာမာန်ဖျားနာသော အဆင့်မှ အသက်အန္တရာယ် ရှိသည်အထိ ပြင်းထန်မှု ရှိသော ရောဂါတစ်မျိုး ဖြစ်ရာ လွန်ခဲ့သော (၅)နှစ်တာ အတွင်း ရောဂါဖြစ်ပွားမှု စာရင်းများကို နှိုင်းယှဉ်၍ ပညာရှင်များ၏ ခန့်မှန်းမှုအရ ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမို များပြားနိုင်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပသည့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။

ဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စောချစ်ခင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ပြည်နယ် ရပကန အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းမျိုးကြည်က သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေးဆိုင်ရာလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကရင်ပြည်နယ်တွင် ရောဂါစောင့်ကြည့် ထောက်လှမ်းမှု စာရင်းများအရ ၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၉၃၅ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း၊ ဘားအံမြို့နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး မြို့ပေါ်သာမက ကျေးရွာများတွင်လည်း ဖြစ်ပွားကာ အသက်အရွယ် အပိုင်းအခြားမရွေး ရာသီမရွေး ဖြစ်ပွားနိုင်ကြောင်း၊ ကျောင်းများပြန် ဖွင့်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အများဆုံး ဖြစ်ပွားကြကြောင်း၊ ၂၀၁၉ နှစ်စမှ ယနေ့ချိန်ထိ ရောဂါ ဖြစ်ပွားသူ ၉၀ ဦးခန့်သာ ရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများက အားစိုက်လုပ်ဆောင်နေကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါကို ကုသပေးနိုင်သော ဆေးဝါးများ တိတိကျကျ မပေါ်သေးဘဲ ကာကွယ်ရေးလုပ်ငန်းများက အထိရောက်ဆုံးနည်းလမ်းဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဆိုပါ အခမ်းအနားမှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published.