ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက် သည့်အခါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်အရာများကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံစဉ်တွင် အကောင်အထည်မဖော်ရသေးသည့် ကိစ္စရပ် များရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လာရောက်တွေ့ဆုံရာတွင် မိမိတို့ကျေးရွာများမှ ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးများက မေးမြန်းတင်ပြကြစေလိုကြောင်း၊ မိမိရပ်ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ယခုတွေ့ဆုံပွဲမှ သိရှိခဲ့သည့်အကြောင်းအရာများကို ကျေးရွာလူထုများ ထံသို့ ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများက မိမိတို့ကျေးရွာအုပ်စုများအတွင်း လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၉၁ ဦး၊ စာရေးဝန်ထမ်း ၉၅ ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ၂၃ တက်ရောက်ခဲ့ကြပြီး မြန်မာ့အာမခံလုပ်ငန်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စိုက်ဘဏ်တို့က မိမိတို့ သက်ဆိုင်ရာဌာနအလိုက် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။

Leave a Reply

Your email address will not be published.