ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ၂၆.၅.၂၀၁၉ ရက်နေ့ ၁၀ဝ၀ နာရီတွင် ဘားအံမြို့၊ပြည်နယ်ကျန်းမာရေးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဇော်လင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ဒေါက်တာမင်းမျိုးကြည်မှ မိုးတွင်းကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးအန္တရာယ် အကြောင်းအား ရှင်းလင်းခြင်းနှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှလည်း သိရှိလိုသည်များအားမေးမြန်းခြင်း၊ တာဝန်ရှိသူများမှလည်းပြန်လည် ဖြေကြားခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *