ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေး

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး နေ့အခမ်းအနားကို ၂၅.၅.၂၀၁၉ ရက်နေ့ ဝ၉၀ဝ နာရီအချိန်တွင် ဘားအံမြို့ အ.ထ.က ( ၁ )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မွန်တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မိလများတက်ရောက်ခဲ့ကြပါသည်

ဆက်လက်၍ ကျောင်းသူကျောင်းသားများမှ မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနား အားဖွင့်လှစ်ခြင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အမှာစကားပြောကြားခြင်း၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခြင်း၊ ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များအား ရှင်းလင်း တင်ပြခြင်း၊အလှူရှင်များမှ လူမှုရေးလိုအပ်ချက်ရှိသော ကျောင်းများအတွက် ပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုလက်မှတ်ပြန်လည်ပေးအပ်ခြင်း၊ လူမှုရေးလိုအပ်ချက်ရှိသော ကျောင်းသူ ကျောင်းသား များအားသင်ထောက်ကူ ပစ္စည်းများလှူဒါန်းခြင်းတို့နှင့်အခမ်းအနားအား ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ ရုပ်သိမ်းခဲ့ကြကြောင်းသတင်းရရှိပါသည်။

Leave a Reply

Your email address will not be published.