ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

MICA ဖျက်သိမ်းရေးအဆို လက်ခံဆွေးနွေးရန် လွှတ်တော်ဆုံးဖြတ်

MICA နှင့်ပတ်သက်၍ လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ − နန္ဒ)

နိုင်ငံတော်နှင့်နိုင်ငံ သားများအကျိုးမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ်ခြယ်လှယ်ခဲ့ သော မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(MICA – Myanmar International Cooperation Agency)  ဖျက်သိမ်းပေးရန်အဆိုကို လွှတ် တော်၌ ဆွေးနွေးရန် အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ တိရစ္ဆာန်ဆရာဝန်ဖြစ်သည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက ဒီဇင်ဘာ ၁၄ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းခြင်းဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ၏ တရားဝင်ခွင့်ပြုမိန့်မရဘဲ သိမ်း ဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည် သို့စီမံထားကြောင်းနှင့်ရရှိသည့် ငွေကြေးများ စီမံခန့်ခွဲမှုကိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် ပွင့် လင်းမြင်သာစွာ ရှင်းလင်းဖော် ထုတ်ပေးရန်ကိုပါ အဆိုတွင် တိုက်တွန်းထားသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) အမည်ပုံစံယူထားသော MICA အနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ခြံစက်ရုံ ပေါင်း ၄၈ ခု၊ အုတ်စက်ရုံနှင့် တ ညင်းကုန်းမြေဧရိယာ (၆၄ ဒသမ ၅၄ ဧက) ၊ ငါးလုပ်ငန်းဦးစီးဌာန ပိုင် လုပ်ငန်း ၁၇ ခုအပြင် အင်း စိန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနပိုင် မြေ ၁၃၄ ဒသမ ၇၃၈  ဧကထဲမှ အနုပညာဗဟိုဌာနသို့ ၈ ဒသမ ၄၁ ဧကအပ်နှံပြီး မွေးမြူ ရေးနှင့် ဆေးကုသရေးတက္ကသိုလ် (၃၁ ဒသမ ၃၂၁ ဧက) ချန်လှပ် ပြီး ကျန်မြေအားလုံးကို လွှဲပြောင်း ရယူခဲ့ကြောင်း အဆိုရှင်ကပြော သည်။ ယင်းမှ လုပ်ငန်းများစွာ အကျိုးတူပူးပေါင်းဆောင်ရွက်မှု များ၊ မြေငှားရမ်းမှုစာချုပ်များ ချုပ် ဆိုခဲ့ကြောင်း ဒေါက်တာအာ ကာမိုးကပြောသည်။ ‘‘အဲဒီအတွက် MICA အနေ နဲ့ အကျိုးအမြတ်နဲ့ ငှားရမ်းခသန်း ပေါင်းများစွာရရှိခဲ့ပြီးဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။ သို့သော် MICA သည် နိုင်ငံ ပိုင်အဖွဲ့အစည်းတစ်ရပ်အနေ ဖြင့် ပြည်ထောင်စုလွှတ်တော်က ထည့်သွင်းရေးဆွဲသည့် ဝန်ကြီးဌာ နများ၏ ရသုံးမှန်းခြေငွေစာရင်း တွင် မပါသကဲ့သို့ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာ၌ လည်း မပါရှိကြောင်း အဆို ရှင်က ထောက်ပြသည်။ ထို့အပြင် ပြည်ထောင်စုရန်ပုံငွေပြင်ပမှ ဥပ ဒေတစ်ရပ်ရပ်နှင့် ပြဋ္ဌာန်းသုံးစွဲ ခြင်းမတွေ့ရှိသည့်အပြင် အကျိုး အမြတ်များကို ပွင့်လင်းမြင်သာ စွာ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ နိုင်ငံတော်၏ သားငါးကဏ္ဍ တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံ ရန် ရည်ရွယ်ဖွဲ့စည်းသည့် MICA က လွှဲပြောင်းရယူထားသော မွေး မြူရေးနှင့် သားငါးကဏ္ဍလုပ်ငန်း များသည် မူလရည်ရွယ်ချက်နှင့် လွဲချော်သွားသည့် လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရ ကြောင်း ဒေါက်တာအား/ကာမိုး က ဆက်လက်ပြောကြားသည်။ ဆောက်လုပ်ရေး လုပ်ငန်း များ၊ ဆိပ်ကမ်းဆောက်လုပ်မှု များ၊ ဆီဆိုင်များ၊ဈေးဝယ်စင်တာ စသည့်လုပ်ငန်းများ ပြောင်းလဲ လုပ်ဆောင်သည်ကို တွေ့ရ ကြောင်း ၎င်းကပါဝါပွိုင့်နှင့်ရှင်းပြ သည်။‘‘နိုင်ငံတော်ရဲ့ စီးပွားရေးကို ချည့်နဲ့အားနည်းစေတဲ့အပြင် ပြည်သူ့ဘဏ္ဍာ ပျောက်ဆုံးမှု       များဖြစ်စေခဲ့ပါတယ်’’ဟု အဆိုရှင်ကပြောကြားသည်။ MICA သည် ဥပဒေတစ်ရပ် ရပ်နှင့်ပြဋ္ဌာန်းဆောင်ရွက်မှုမရှိ ခြင်း၊ နိုင်ငံပိုင်စက်ရုံနှင့် လုပ်ငန်း များကို နိုင်ငံတော်ကသာလျှင် စီ မံခန့်ခွဲသင့်ခြင်း၊ ရရှိသည့်အကျိုး အမြတ်များမှာလည်း နိုင်ငံတော် ၏ ဘဏ္ဍာဖြစ်သင့်ကြောင်း ၎င်း ကထောက်ပြသည်။ MICA ကို ပြီးခဲ့သည့် အစိုးရ လက်ထက် ၂၀၁၄ တွင် ဖွဲ့စည်း ခဲ့ပြီး ထိုစဉ်က သမ္မတရုံးဝန်ကြီး ယခုအမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးစိုးသိန်းပါဝင်ခဲ့သည်။ သို့သော် ယင်းအဆိုတင်သည့် နေ့ တွင် ဦးစိုးသိန်းက ခွင့်ယူခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *