ပြည်နယ်ဝန်ကြီးချုပ်

ဒေါ်နန်းခင်ထွေးမြင့်

ကိုယ်ရေးမှတ်တမ်း

၁။ အမည် ဒေါ်နန်းခင်ထွေးမြင့်
၂။ အခြားအမည် မရှိပါ
၃။ လူမျိုး/ဘာသာ ကရင် / ဗုဒ္ဓဘာသာ
၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၃/ဘအန(နိုင်)၀၂၅၆၁၅
၅။ မွေးသက္ကရာဇ်/အသက် ၁၀ . ၅ . ၁၉၅၄  (၆၂)နှစ်
၆။ မွေးဖွားရာဇာတိ မော်လမြိုင်မြို့
၇။ ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့(စီးပွားရေး)
၈။ လက်ရှိအလုပ်အကိုင် ပြည်နယ်ဝန်ကြီးချုပ်
၉။ အဘအမည်၊ အလုပ်အကိုင် ဒေါက်တာစောလှထွန်း၊ပြည်နယ်ဥက္ကဌ(ငြိမ်း)
၁၀။ အမိအမည်၊ အလုပ်အကိုင် ဒေါ်အမာ၊ မှီခို
၁၁။ ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် ဦးစသန့်ဇင်၊ အလွတ်သင်ဆရာ
၁၂။ သား/သမီးအမည်၊ အလုပ်အကိုင် မရှိပါ
၁၃။ လက်ရှိနေရပ်လိပ်စာ ၄/၄၂၈၊ သုဓနုလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
၁၄။ အမြဲတမ်းနေရပ်လိပ်စာ ၄/၄၂၈၊ သုဓနုလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
၁၅။ ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ် ဘားအံမဲဆန္ဒနယ်အမှတ်(၁)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက် တာဝန် ထမ်းဆောင်သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ (၇၃%)ကျော်ဖြင့် အနိုင်ရခဲ့သည်။ ၁၉၉၆ခုနှစ်တွင် ဦးစသန့်ဇင် နှင့် အိမ်ထောင်ပြုပြီး(၁)နှစ်အကြာ ၁၉၉၇ခုနှစ်တွင် စစ်အာဏာရှင်များက တရားမဲ့ဖမ်းဆီးပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့သဖြင့် မော်လမြိုင်ထောင်တွင် ပင်ပန်းဆင်းရဲမှုကြားမှ ပြည်သူ လူထုအတွက် ကြံ့ကြံ့ခံရပ်တည်ခဲ့သည်။ ၁၉၉၉ ခုနှစ် ထောင်မှ လွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ သတင်းပို့ပြီ ပါတီတာဝန်များကို ချက်ချင်းပြန်လည် ထမ်းဆောင်ခဲ့သည်။  ၁၉၉၀ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ်အထိ မြန်မာပြည် ဒီမိုကရေစီရေး အတွက် ပြည်သူလူထုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည် တိုက်ပွဲဝင်ခဲ့သည်။ ယခုအချိန်တွင် ကရင်ပြည်နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ အဖြစ်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်မှုဆောင် (၁၅)ဦးမှ တစ်ဦးအဖြစ် လည်းကောင်း ပြည်သူလူထုနှင့် အတူ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

Leave a Reply

Your email address will not be published.