အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးခွန်မျိုးတင့်

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးခွန်မျိုးတင့်
၂။အခြားအမည်ဦးညီညီ
၃။လူမျိုး/ဘာသာပအိုဝ်း / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/ဘအန(နိုင်)၀၀၉၀၆၂
၅။မွေးသက္ကရာဇ်/အသက်၉ . ၁၂ . ၁၉၆၅ (၅၀)နှစ် 
၆။မွေးဖွားရာဇာတိဘားအံမြို့
၇။ပညာအရည်အချင်းဒုတိယနှစ်(သမိုင်း)
၈။လက်ရှိအလုပ်အကိုင်စျေးရောင်း
၉။အဘအမည်၊ အလုပ်အကိုင်ဦးချစ်ညွန့်၊ မြို့နယ်လျှပ်စစ်မှူး(ငြိမ်း)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်သောင်းရင်၊ မှီခို
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်နန်းစုစုကြည်၊ စျေးရောင်း
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်ခွန်အောင်နှင်းဖွေး၊ ကျဘမ်း
ခွန်ဆန်းညီခန့်၊ ကျောင်းသား 
၁၃။လက်ရှိနေရပ်လိပ်စာအမှတ်(၂/၇၁)ကားဂိတ်ပိုင်း၊ ထီလုံကျေးရွာ၊ လှိုင်းဘွဲမြို့နယ်
၁၄။အမြဲတမ်းနေရပ်လိပ်စာအမှတ်(၂/၇၁)ကားဂိတ်ပိုင်း၊ ထီလုံကျေးရွာ၊ လှိုင်းဘွဲမြို့နယ်
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ်ပအိုဝ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အဘ ဦးချစ်ညွန့် နှင့် အမိ ဒေါ်သောင်းရင်တို့မှ မွေးချင်း(၂)ဦးအနက်မှ အငယ်ဆုံးသားဖြစ်ပါသည်။ (၁၉၇၂)ခုနှစ်တွင် မူလတန်းကို အမှတ်(၇)မူလတန်းကျောင်း၊ ဘားအံမြို့တွင် စတင်သင်ကြားခဲ့ပြီး (၁၉၇၇)တွင် အထက(၁)ဘားအံမြို့တွင် အလယ်တန်းနှင့်အထက်တန်းပညာကို ဆက်လက်သင်ကြားခဲ့ပါသည်။ (၁၉၈၆)ခုနှစ်တွင် (၁၀)တန်းအောင်မြင်ခဲ့ပါသည်။ (၁၉၈၆-၁၉၈၇)ခုနှစ်တွင် ဘားအံကောလိပ်၌ သမိုင်း ဘာသာရပ်အထူးပြုဖြစ် ပထမနှစ် စတင်တက်ရောက်ခဲ့ပြီး (၁၉၈၇-၁၉၈၈)ခုနှစ်တွင် ဒုတိယ်နှစ် တက်ရောက်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် ထီလုံကျေးရွာနေ ဒေါ်နန်းစုစုကြည် (ဒုတိယနှစ် – သတ္တဗေဒ)နှင့် အိမ်ထောင်ကျခဲ့ပြီး သား(၂)ဦးဖွားမြင်ခဲ့ပါသည်။

         ၁၉၉၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သို့ စတင်ဝင်ရောက်ခဲ့ပြီး ပါတီတာဝန်များအနေဖြင့် လှိုင်းဘွဲမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၂၀၁၂ ခုနှစ် တွင် ဘားအံခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဌ၊ ၂၀၁၅ ခုနှစ်တွင် ခရိုင်မဲစာရင်း စီစစ်ရေး အဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ဆောင်ခဲ့ပါသည်။ ဆောင်ရွက်ခဲ့သော အသင်းအဖွဲ့များ အနေဖြင့် –

  • ဘားအံမြို့နယ် ကြက်ခြေနီအသင်း၊
  • ထီလုံကျေးရွာ နာရေးကူညီမှုအသင်း၊
  • ထီလုံကျေးရွာ ဆွမ်းလောင်းအသင်း နှင့်

လှိုင်းဘွဲမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published.