ကိုယ်ရေးမှတ်တမ်း
၁။ | အမည် | – | ဦးစောချစ်ခင် |
၂။ | အခြားအမည် | – | မရှိပါ |
၃။ | လူမျိုး/ဘာသာ | – | ကရင် / ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် | – | ၃/လဘန(နိုင်)၀၇၃၃၇၈ |
၅။ | မွေးသက္ကရာဇ်/အသက် | – | ၈ . ၄ . ၁၉၅၅ (၆၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | – | ကိုမောင်ကျေးရွာ၊ လှိုင်းဘွဲမြို့နယ် |
၇။ | ပညာအရည်အချင်း | – | B.A, BED (Eng) |
၈။ | လက်ရှိအလုပ်အကိုင် | – | ပညာရေး(ငြိမ်း) |
၉။ | အဘအမည်၊ အလုပ်အကိုင် | – | ဦးရွှေထွန်း(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | – | ဒေါ်သိန်းတင်(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | – | ဒေါ်ဖဲလစ်၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | – | နော်ထီးဝါး၊ကျဘမ်း စောကပေါ်မူး၊ကျဘမ်း စောကပေါ်ရှီး၊ကျဘမ်း နော်ထီးစေး၊ မှီခို |
၁၃။ | လက်ရှိနေရပ်လိပ်စာ | – | ၄/၉၉၀၊ ခေမာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့ |
၁၄။ | အမြဲတမ်းနေရပ်လိပ်စာ | – | ၄/၉၉၀၊ ခေမာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့ |
၁၅။ | ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ | – | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် | – | လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၂) |
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(၈.၄.၁၉၅၅) တွင် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ရွာတွင် မွေးဖွားခဲ့ပြီး မိဘ(၂)ပါးမှာ ဦးရွှေထွန်းနှင့် ဒေါ်သိန်းတင် ဖြစ်သည်။ ဖခင်မှာ ပါလီမန်ဒီမိုကရေစီခေတ်တွင် လှိုင်းဘွဲ မြို့နယ်၏ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၉ တွင် ဒေါ်ဖဲလစ် နှင့်အိမ်ထောင်ပြုပြီး သာသမီး(၄)ဦး ထွန်းကားခဲ့ပါသည်။ ၁၉၇၃ မှ ၁၉၇၇ အထိ ကိုမောင်ကျေးရွာကောင်စီစာရေးအဖြစ်လည်းကောင်း၊ ၁၉၈၁ တွင် အမက(၁) ငှက်ပျောတော၌ မူလတန်းပြအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပါသည်။ ၁၉၈၁ တွင် BA(သမိုင်း)ဘွဲ့ရပြီး ၁၉၈၂ ခုနှစ်တွင် အလယ်တန်းပြဆရာအဖြစ်အထက(ကိုမောင်)တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ၂၀၀၆ မှ ၂၀၁၃ ထိ အထက်တန်းပြဆရာကို (ကိုမောင်)အထကတွင်သာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃တွင် BEd ဘွဲ့ရရှိပြီး ကရင်ပြည်နယ်ပညာရေးမှူးရုံးသို့ လက်ထောက်ကြီးကြပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ (၇.၄.၂၀၁၅) တွင် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လှိုင်းဘွဲမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သည်။