ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဦးစောမြင့်ဦး

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးစောမြင့်ဦး
၂။အခြားအမည်ဦးစောပေါက်ကျိုင်း
၃။လူမျိုး/ဘာသာကရင် / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/ကကရ(နိုင်)၁၆၄၆၁၂
၅။မွေးသက္ကရာဇ်/အသက်၂၅ . ၂ . ၁၉၆၅ (၅၁)နှစ်
၆။မွေးဖွားရာဇာတိကူးဆိပ်ကျေးရွာ၊ ဖာပွန်မြို့နယ်
၇။ပညာအရည်အချင်းသိပ္ပံဘွဲ့(ဘူမိဗေဒ)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)
၈။လက်ရှိအလုပ်အကိုင်ဗိုလ်မှူးချုပ်(ငြိမ်း)
၉။အဘအမည်၊ အလုပ်အကိုင်ဦးသိန်းသိန်း(ကွယ်လွန်)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်မယ်တင် (ကွယ်လွန်)
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်နန်းဘေဘီမြင့်၊ မှီခို
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်မောင်စောသက်ဦးစံ၊ ကျောင်းသား
မနန်းအေးဆုဦး၊ ကျောင်းသူ
၁၃။လက်ရှိနေရပ်လိပ်စာ(၄/၉၈၀)၊ သုခလမ်းကြား၊ ဇီးတောရပ်၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
၁၄။အမြဲတမ်းနေရပ်လိပ်စာ(၄/၉၈၀)၊ သုခလမ်းကြား၊ ဇီးတောရပ်၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ –ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ် ဖာပွန်မဲဆန္ဒနယ်အမှတ်(၁)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

(၂၅.၂.၁၉၆၅)ရက်နေ့တွင် ဖာပွန်မြို့နယ်၊ ကူးဆိပ်ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၇၀ ခုနှစ်တွင် ကတိုင်တိကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ပြီး (ကတိုင်တိ)အလက၌ သူငယ်တန်းမှ ဆဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် မုက္ကဒိကျေးရွာ၊ ဘားအံမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ပြီး (မုက္ကဒိ)တွဲဘက်အထကတွင် သတ္တမတန်းမှ ဒသမတန်းအထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၈၁ မှ ၁၉၈၃ ထိ ကရင်ပြည်နယ်ဒေသကောလိပ်တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၈၃ မှ ၁၉၈၅ ထိ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင်  သိပ္ပံဘွဲ့(ဘူမိဗေဒ)ရရှိခဲ့ပါသည်။ တက္ကသိုလ်တွင် ပညာသင်ကြားစဉ် ကာလအတွင်း တက္ကသိုလ်များ(ရန်ကုန်)၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ယဉ်ကျေးမှုတာ၀န်ခံအဖြစ်လည်းကောင်း၊ တက္ကသိုလ်များ(ရန်ကုန်) ကရင်ဗုဒ္ဓဘာသာ အသင်းတွင် ဥက္ကဌအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၇ခုနှစ်တွင် ဘားအံ ကောလိပ်၌ အငယ်တန်းစာရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး (၃၁.၇.၁၉၈၇)ရက်နေ့ တွင် တပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ (၁၃.၅.၁၉၈၈) ရက်နေ့တွင် ပြန်တမ်း၀င်အရာရှိ (ဒုဗိုလ်)အဖြစ် ခန့်အပ်တာ၀န်ပေးအပ်ခြင်းခံခဲ့ရပါသည်။ တပ်မတော်တွင် ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်ထိ မြန်မာနိုင်ငံအနှံ တာ၀န် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာ (ကာကွယ်ရေးပညာ)ဘွဲ့ရရှိခဲ့ပြီး ၂၀၁၃ မှ ၂၀၁၄ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်သည့် အမျိုးသားကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၅၁)သို့ တက်ရောက်အောင်မြင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ပိုလန်၊ နယ်သာလန်နိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ နိုင်ငံတော်မှ ချီးမြှင့်သော စစ်မှုထမ်းကောင်းတံဆိပ်အား ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ဒေသကွပ်ကဲရေးမှူးအဖြစ် လောက်ကိုင်ဒေသတွင်   နောက်ဆုံးတာ၀န်ထမ်းဆောင်ခဲ့ပြီး    (၁၀.၈.၂၀၁၅)ရက်နေ့တွင် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ၀င်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published.