အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးစောလှမြင့်

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးစောလှမြင့်
၂။အခြားအမည်မရှိပါ
၃။လူမျိုး/ဘာသာကရင် / ခရစ်ယာန်
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/သတန(နိုင်)၀၀၁၃၇၀
၅။မွေးသက္ကရာဇ်/အသက်၂၀ . ၇ . ၁၉၅၅ (၆၁)နှစ်
၆။မွေးဖွားရာဇာတိကော့ဒါန်ရွာ၊ ဒုံရင်း၊ ဘားအံမြို့
၇။ပညာအရည်အချင်းအ.ပ.ထ အောင်
၈။လက်ရှိအလုပ်အကိုင်မြေစာရင်းဦးစီးဌာန(ငြိမ်း)
၉။အဘအမည်၊ အလုပ်အကိုင်ဦးစောမောင်မောင်(ကွယ်လွန်)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်နော်စိန်သင်း(ကွယ်လွန်)
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်နော်အက်စတာထွန်း၊ ကျောင်းဆရာမ(ငြိမ်း)
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်စောပေါလ်ကညောထူး၊ ခရစ်ယာန်ဘုန်းတော်ကြီး စောယောဟန်ကညောစေး၊ ကွန်ပျူတာလုပ်ငန်း နော်ဟေးလ်ဒါကညောဖော၊ ကျန်းမာရေးဌာန
၁၃။လက်ရှိနေရပ်လိပ်စာအမှတ်(၂)ရပ်ကွက်၊ သံတောင်မြို့၊ သံတောင်ကြီးမြို့နယ်
၁၄။အမြဲတမ်းနေရပ်လိပ်စာအမှတ်(၂)ရပ်ကွက်၊ သံတောင်မြို့ သံတောင်ကြီးမြို့နယ်
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် မဲဆန္ဒနယ် သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ အမက(ကော့ဒါန်း)တွင် သူငယ်တန်းမှ စတုတ္ထတန်း အထိလည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် အလက(ရေတံခွန်)၌ ပဉ္စမတန်း အထိလည်းကောင်း၊ ၁၉၆၈ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ အထက(ချောင်းဆုံ)၊ ဘီလူးကျွန်း တွင် ဆဌမတန်းမှ ဒသမတန်းအထိလည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံမြေတိုင်းသင်တန်း၊မေမြို့တွင် သင်တန်းတက်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ မြေစာရင်းဦးစီးဌာန(ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန)တွင် အကူမြေတိုင်းစာရေး၊ မြေတိုင်းစာရေး၊ လက်ထောက်ဦးစီးမှူးရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။  ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

Leave a Reply

Your email address will not be published.