အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးစောဝင်းထိန်

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးစောဝင်းထိန်
၂။အခြားအမည်မရှိပါ`
၃။လူမျိုး/ဘာသာကရင် / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/ဖပန(နိုင်)၀၀၀၉၃၂
၅။မွေးသက္ကရာဇ်/အသက်၂၀ . ၉ . ၁၉၆၇ (၄၉)နှစ်
၆။မွေးဖွားရာဇာတိကတိုင်တိကျေးရွာ၊ ဖာပွန်မြို့နယ်
၇။ပညာအရည်အချင်းသိပ္ပံဘွဲ့(ဓါတုဗေဒ)
၈။လက်ရှိအလုပ်အကိုင်ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့
၉။အဘအမည်၊ အလုပ်အကိုင်ဦးလှသင်း (ကွယ်လွန်)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်နော်ဖွားညွန့်၊ ပညာရေး(ငြိမ်း)
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်မိစန်းခင်၊ ကျန်းမာရေး(ငြိမ်း)
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်–    မမိမေသင်းနွယ်၊ ကျောင်းသူ
မောင်စောဉာဏ်မြတ်ခင်၊ ကျောင်းသား
မနှင်းအဂ္ဂလွင်၊ ကျောင်းသူ
၁၃။လက်ရှိနေရပ်လိပ်စာအစိုးရအိမ်ယာ၊ ဘားအံမြို့
၁၄။အမြဲတမ်းနေရပ်လိပ်စာအမှတ်(၁)ရပ်ကွက်၊ ဖာပွန်မြို့
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ်ဖာပွန်မဲဆန္ဒနယ်အမှတ်(၂) 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

(၂၀.၉.၁၉၆၇)တွင် ကတိုင်တိရွာ၊ ဖာပွန်မြိုနယ်တွင် မွေးဖွားသည်။ ကတိုင်တိ အလကတွင် ပထမတန်းအထိ ပညာသင်ပြီး ဖာပွန်အထကတွင် ဒုတိယတန်းမှ ဒသမတန်း အောင်အထိ ပညာသင်ယူခဲ့ပါသည်။ ၁၉၈၂ – ၁၉၈၃ ပညာသင်နှစ်မှစ၍ ဘားအံကောလိပ်နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် ပညာဆက်လက်ဆည်းပူးခဲ့ပါသည်။ ၁၉၈၇ – ၁၉၈၈ ခုနှစ်တွင် ဖာပွန်အထကတွင် မူ / ပြ အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၅ တွင် ဖာပွန် ပြန်/ဆက်တွင် ဒုဦးစီးအဖြစ် ၂၀၁၀ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဖာပွန်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ပြည်နယ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီ၊ လက်ရှိ ခေတ္တပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိ ပါသည်။

Leave a Reply

Your email address will not be published.