အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးသန့်ဇင်အောင်

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးသန့်ဇင်အောင်
၂။အခြားအမည်မရှိပါ 
၃။လူမျိုး/ဘာသာဗမာ / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၇/သနပ(နိုင်)၀၈၅၆၃၃
၅။မွေးသက္ကရာဇ်/အသက်၁၀ . ၂ . ၁၉၈၄ (၃၂)နှစ်
၆။မွေးဖွားရာဇာတိမင်းရွာတာဝကျေးရွာ၊ သနပ်ပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၇။ပညာအရည်အချင်းသိပ္ပံဘွဲ့(ဓါတုဗေဒ)
၈။လက်ရှိအလုပ်အကိုင်ရွှေရတီလင်းရတနာရွှေဆိုင်
၉။အဘအမည်၊ အလုပ်အကိုင်ဦးမောင်ဌေး၊ စျေးရောင်း
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်ဝင်း၊ စျေးရောင်း
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်လဲ့လဲ့ဝင်းလှိုင်၊ စျေးရောင်း
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်မရှိပါ
၁၃။လက်ရှိနေရပ်လိပ်စာမေတ္တာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့
၁၄။အမြဲတမ်းနေရပ်လိပ်စာမေတ္တာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ် မြဝတီမဲဆန္ဒနယ်အမှတ်(၂)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အဖ ဦးမောင်ဌေးနှင့် အမိ ဒေါ်ဝင်းတို့၏ သား(၃)ယောက်အနက် ဒုတိယမြောက် သားဖြစ်ပါသည်။ (၁၂.၆.၂၀၀၈)ရက်နေ့တွင် ဒေါ်လဲ့လဲ့ဝင်းလှိုင်နှင့် လက်ထပ်ခဲ့ပြီး ရွှေရတီလင်းရတနာရွှေဆိုင် လုပ်ငန်းကို လုပ်ကိုင် လျှက်ရှိပါသည်။         

         မြဝတီခရိုင် စေတနာနာရေးလူမှုကူညီရေးအသင်းတွင် စာရင်းစစ်အဖြစ် လည်းကောင်း၊ ပန်းတိမ်ပရဟိတအဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ ပညာ ရောင်ခြည်ပရဟိတပညာဒါနသင်တန်းကျောင်းတွင် စာရင်းစစ်အဖြစ် လည်းကောင်း၊ မြဝတီမြို့နယ်တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ မြဝတီမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေးအဖွဲ့တွင် ဘဏ္ဍာငွေရှာဖွေထိန်းသိမ်း ရေးကော်မတီ၌ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူ၍ ပရဟိတလူမှုကူညီရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။                                                 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ (၁၂.၃.၂၀၁၂)ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ပါတီဝင်အမှတ် (၃/၅/၀၀၀၂၃၄) ဖြစ်ပါသည်။ (၂၆.၁၂.၂၀၁၂)ရက်နေ့ မြဝတီမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သော မြဝတီခရိုင်/မြို့နယ်ညီလာခံတွင် မြို့နယ်အတွင်းရေးမှူး အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ မြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေစဉ်အတွင်းတွင် မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌအဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒပြု လက်မှတ်များရရှိအောင် ဆောင်ရွက်ခဲ့ရာတွင် အဖွဲ့ချုပ်/အဖွဲ့ဝင်များ၏ညီညွတ်မှုအင်အား ဖြင့် ကရင်ပြည်နယ်ရှိ မြို့နယ် (၇)မြို့နယ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ် အများဆုံးရရှိသော မြို့နယ်အဖြစ် မှတ်တမ်းဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ မြဝတီ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ် ထူးခြားသော ဗိုလ်ချုပ် ရာပြည့်နှစ်တွင် ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကို မြဝတီမြို့ရှိ ပရဟိတလူမှုကူညီရေး အသင်း အဖွဲ့များ၏ တူညီသောဆန္ဒ၊ ခိုင်မာသော စိတ်ဓာတ်ခွန်အားတို့ကို ရယူ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းကာ အေးအေးချမ်းချမ်းနှင့် အောင်မြင်သည်အထိ ဦးစီးဦးဆောင်  ပြုနိုင်ခဲ့သည်။   ၂၀၁၅ ခုနှစ်   အထွေထွေရွေးကောက်ပွဲတွင်   အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

One Reply to “ဦးသန့်ဇင်အောင်

Leave a Reply

Your email address will not be published.