ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကော့ကရိတ်​မြို့နယ်​အတွင်​းရှိ​ရေ​ဘေးသင်​့ပြည်​သူများအတွက်​ ကူညီထောက်ပံ့ရေးပစ္စည်းများ သွား​ရောက်​လှူဒါန်​းခဲ့

ဘားအံ သြဂုတ်လ ၁၈ (၁၈.၈.၂၀၁၉)ရက်​​နေ့ နံနက်​ပိုင်​း(၇)နာရီအချိန်​ မြဝတီမြို့နယ်​​စည်​ပင်​သာယာ​ရေး​ကော်​မတီသို့ လာ​ရောက်​လှူဒါန်​းထား​သော ​​ရေ​ဘေးသင့်​ကူညီ​ရေးပစ္စည်​း(ဆန်​၊ ဆီ၊ ​ခေါက်​ဆွဲ၊ ငါး​သေတ္တာဗူး၊ ​ရေသန်​့၊ အဝတ်အထည်​​၊ ​ဆေး၊ မုန်​့ပုံးနှင်​့ အလှူ​ငွေ[၄၁၇၁၀၀၀]ကျပ်​) ကို ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသန်​့ဇင်​​အောင်​၊ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဌ ဦးသန်​း​ရွှေ၊ ​ဒေါ်ခင်သူဇာ​​(ပတ္တမြားမယ်) မိသားစုတို့မှ ဦး​ဆောင်​၍ စည်​ပင်​​ကော်​မတီဝင်​များ၊ စည်​ပင်​ဝန်​ထမ်​းများမှ ​ကော့ကရိတ်​မြို့နယ်​အတွင်​းရှိ​ရေ​ဘေးသင်​့ပြည်​သူများအတွက်​ သွား​ရောက်​လှူဒါန်​းခဲ့ရာ ကရင်​ပြည်​နယ်​လွှတ်​​တော်​ ဒုတိယဥက္ကဋ္ဌ ​ဒေါ်နန်​းသူဇာဝင်​း၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးစန်​းနုန​ှင်​့ တာဝန်​ရှိသူများက လက်​ခံ​ပေးခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(ကရင်ပြည်နယ်) အခမ်းအနားကျင်းပ

ဘားအံ သြဂုတ်လ ၁၇ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(ကရင်ပြည်နယ်) အခမ်းအနားကို ၁၇.၈.၂၀၁၉ ရက်နေ့ ၀၈၀၀ အချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ပြည်ထောင်စုဘတ်ဂျက် ပြည်နယ်ဘတ်ဂျက်ဖြင့်ဆောင်ရွက်လျှက်ရှိသည့် ကော့ကရိတ်မြို့နယ်အတွင်း မြို့ပေါ်ကျေးရွာများရှိ တည်ဆောက်ရေး လုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

ဘားအံ ဇူလိုင် ၂၉ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းဦးဆောင်လျှက် ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်အကြံပြုရေး ကော်မတီ ဥက္ကဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများသည် ၂၇.၇.၂၀၁၉ ရက်နေ့နှင့် ၂၈.၇.၂၀၁၉ ရက်နေ့တို့တွင် ကော့ကရိတ် မြို့ပေါ်ရှိ နဘူးကျေးရွာ၊ထို့ကိုကိုးကျေးရွာ၊ ကော့ပလံကျေးရွာအတွင်းရှိ ပြည်ထောင်စုဘတ်ဂျက် ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံးနှင့် NRC တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကဒ်ပေးအပ်ခြင်းအခမ်းအနား

ဘားအံ ဇူလိုင် ၂၉ ကရင်ပြည်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများသည် ၂၉.၇.၂၀၁၉ ရက်နေ့ ၁၃၀၀ နာရီတွင် လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာအတွင်း၌ ကျင်းပပြုလုပ် သည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲရုံးနှင့် NRC တို့ပူးပေါင်း၍နိုင်ငံသားစိစစ်ရေးကဒ်ပေးအပ်ခြင်း ခမ်းအနားသို့တက်ရောက်ခဲ့ပြီး ကျေးရွာ ပြည်သူလူအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများအား ပေးအပ်ခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့်ပတ်သက်၍ကွင်းဆင်းစစ်ဆေး

ဘားအံ ဇူလိုင် ၂၆ ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့်ပတ်သက်၍ ကွင်းဆင်း စစ်ဆေးခြင်းအား (၂၆.၇.၂၀၁၉)ရက်နေ့ တွင်တိုင်ကြားစာကော်မတီမှလွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင်များ သည်အချင်းဖြစ်ပွားရာနေရာဖြစ်သော ဘားအံမြို့၊လှာကမြင်ကျေးရွာအုပ်စုနှင့်၊လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုတို့ရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ရုံး၏ NAS ချိတ်ဆက်အသုံးပြုမှုဆိုင်ရာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်လွှတ်တော်ရုံး၏ NAS ချိတ်ဆက်အသုံးပြုမှုဆိုင်ရာသင်တန်းကို ၂၅.၇.၂၀၁၉ ရက်နေ့မှ ၂၆.၇.၂၀၁၉ ရက်နေ့ထိ လွှတ်တော်ရုံး E-Library ခန်းမ၌ နေ့စဉ် ၁၀၀၀ နာရီ မှ ၁၂၀၀ နာရီထိ ကရင်ပြည်နယ်လွှတ်တော်ရုံးရှိ ဌာနစု အသီးသီးမှ ဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဋ္ဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထအဆင့် )မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

ဘားအံ ဇူလိုင် ၂၅ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောထူးကပေါ်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် ၂၄.၇.၂၀၁၉ ရက်နေ့ ၁၀၃၀ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကာယဗလ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ကျးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထအဆင့် )မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ပြည်ထောင်စုဘတ်ဂျက် ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး

ဘားအံ ဇူလိုင် ၂၅ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေး ကော်မတီအဖွဲ့ဝင်များနှင့် ဖာပွန်မြို့နယ်ရှိဌာနဆိုင်ရာများသည် ၂၅.၇.၂၀၁၉ ရက်နေ့တွင််် ဖာပွန်မြို့နယ်၊ကမမောင်းမြို့ အတွင်းရှိ ပြည်ထောင်စုဘတ်ဂျက်ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။