မဟာဗျူဟာရည်မှန်းချက်များ

ရည်မှန်းချက် (၃)

လွှတ်တော်နှင့်ပြည်သူတစ်သားတည်းဖြစ်စေရန် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ဦးစားပေး အလေးထားဆောင်ရွက်ပေးရေး။

ရည်မှန်းချက် (၃)  ပြီးမြောက်အောင်မြင်ရန် အထောက်အကူပြုနိုင်မည့် လုပ်ငန်း ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

၃.၁။   လွှတ်တော်ကိုယ်စားလှယ်များမှ မိမိမဲဆန္ဒနယ်အလိုက် လူထုနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားစေရန်၊

၃.၂။    ထိရောက်သော လူထုကြားနာပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်သွားရန်၊

၃.၃။   ပြည်သူလူထု၏ တင်ပြချက်များ၊ အကြံပြုချက်များ၊ တိုင်ကြားချက်များ၊ ဆွေးနွေးချက်များကို လွတ်လပ်စွာ တင်ပြနိုင်ရန်အတွက် နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်နှင့်  အရေးယူမှုအခြေအနေများကိုလည်း  ပွင့်လင်း မြင်သာစွာ ပြန်လည်ချပြအသိပေးသွားရန်၊

၃.၄။   လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူလူထုမှ အလွယ်တကူ နှင့် အချိန်တိုအတွင်း သိမြင်လာနိုင်စေရန် Social Media ၊ Internet Website ၊ TV Channel ၊ Hluttaw Channel ၊  ဂျာနယ်၊ သတင်းလွှာ၊ ရေဒီယိုလမ်းကြောင်းများမှ တဆင့်သတင်းအချက်အလက်  ဖြန့်ဝေမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားရန်၊

၃.၅။   နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊

၃.၆။   ပြည်သူလူထုသည် လွှတ်တော်နှင့် တစ်သီးတစ်ခြားဖြစ်မနေစေရန်အတွက်  လွှတ်တော်ရုံး သို့မဟုတ် လွှတ်တော်အဆောက်အဦသို့ ပြည်သူများ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်ရေးအဆင်ပြေအောင် စီမံဆောင်ရွက် သွားရန်၊ ၃.၇။   ပြည်သူလူထု၏ အခက်အခဲ၊ သဘောထားဆန္ဒများကို လွှတ်တော်ရေးရာ ကော်မတီအစည်းအဝေး သို့မဟုတ် လွှတ်တော်အစည်းအဝေးတွင် တင်ပြ ဆွေးနွေး၍ အရေးယူဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ပြည်သူသို့ ချပြအသိပေးသွားရန်၊

Leave a Reply

Your email address will not be published.