မဟာဗျူဟာရည်မှန်းချက်များ

ရည်မှန်းချက် (၇)

လွှတ်တော်၏ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်စေရေးအတွက် လွှတ်တော် လေ့လာသင်ကြားရေးဌာနတစ်ခု ဖွင့်လှစ်ဖော်ဆောင်ရေး။

ရည်မှန်းချက် (၇)  ပြီးမြောက်အောင်မြင်ရန် အထောက်အကူပြုနိုင်မည့် လုပ်ငန်း ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

၇.၁။   လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကော်မတီဝင်များနှင့်လွှတ်တော်ရုံး ဝန်ထမ်းများအတွက် လွှတ်တော်လေ့လာသင်ကြားရေးဌာနတစ်ခု ဖွင့်လှစ်၍ ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြှင့်တင်သည့် အစီအစဉ်များဆောင်ရွက်သွားရန်၊

၇.၂။   ဥပဒေ၊ နည်းဥပဒေကျွမ်းကျင်ရေး၊ လုပ်ငန်းဆိုင်ရာပညာရပ်များကျွမ်းကျင် တတ်မြောက်ရေး၊ ရည်မှန်းချက်များအပေါ် စွမ်းဆောင်နိုင်မှုများရှိစေရေး အတွက် ပညာရှင်များဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်သွားရန်၊

၇.၃။   လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကော်မတီဝင်များနှင့်လွှတ်တော်ရုံး ဝန်ထမ်းများထံ သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန် စာကြည့်တိုက် ဝန်ဆောင်မှုများ၊ သတင်း၊ ဆက်သွယ်ရေးနည်းပညာနှင့် ယင်းအခြေခံ အဆောက်အဦများ တိုးတက်အောင်ဆောင်ရွက်ရန်၊

၇.၄။   ICT နည်းပညာဖြင့် ပြည်နယ်လွှတ်တော်အား ပိုမိုကောင်းမွန်သည့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အတွက် ပိုမိုထိရောက်၍ စရိတ်သက်သာသောလုပ်ငန်းဆောင်ရွက်ချက်များ ရှိလာစေရန်၊

၇.၅။   လွှတ်တော်အချင်းချင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ  ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများဖော်ဆောင်နိုင်ရန်၊

၇.၆။   ICT ကဏ္ဍအား လွှတ်တော်အကြား ရေရှည်ခိုင်မြဲသည့် အခြေခံအဆောက် အအုံ၊ အပြတ်အတောက်မရှိ ထောက်ပံ့စီမံပို့ဆောင်မှု၊ ဝန်ထမ်းများ ပါဝင် လှုပ်ရှားမှုတို့အတွက် အဓိကဖွံ့ဖြိုးစေရေး ထောက်ကူနေသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ရပ်တည်နိုင်ရန်၊ ၇.၇။   E-Parliamentary တစ်ရပ်ထူထောင်၍ ပြည်သူများအား အချိန်နှင့်တပြေးညီ ချပြဆောင်ရွက်၍ ပြည်သူများမှ အားကိုးယုံကြည်သည့် လွှတ်တော်ဖြစ်စေရေး ဆောင်ရွက်ရန်၊

Leave a Reply

Your email address will not be published.