ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အာမခံ ချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပ

လွှတ်တော်ရုံး Minor Meeting Room၌ကျင်းပပြုလုပ်သည့် ကရင်ပြည်​နယ်​အစိုးရအဖွဲ့၏အာမခံ ချက်​များ၊ကတိများ၊တာဝန်​ခံချက်​များနှင်​့တိုင်​ကြားစာ၊အသနားခံစာဆိုင်​ရာ စိစစ်​​ရေး​ကော်​မတီ၏ ဒုတိယ အကြိမ်​ ကရင်​ပြည်​နယ်​လွှတ်​​တော်​ဒသမပုံမှန်​အစည်​းအ​ဝေးတွင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ​မေးမြန်​းခဲ့သည်​့ ကြယ်​ပွင်​့ပြ/ မပြ ​မေးခွန်​းများအနက်​ ကတိဖြစ်​​မေးခွန်​းများ ​ရွေးချယ်​သတ်​မှတ်​​ပေးနိုင်​​ရေးအတွက်ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များဖြစ်​ကြ သည်​့ ဦး​စောထူးက​ပေါ်၊ ဦးတင်​မျိုးဦး၊ ဦး​စောဝင်​းထိန်​၊ ဦးအိုက်​ကျန်​ခမ်​း၊ ဦးသန့်ဇင်​​အောင်​၊ ကတိကဝတ်​​ကော်​မတီဥက္ကဌ ဦး​စောလှမြင်​့၊ကရင်​ပြည်နယ်လွှတ်​တော်​ရုံး ဒုတိယညွှန်​ကြား​ရေးမှူး ဒေါ်နန်းစိုးစိုးသန်းနှင့် ရုံးအဖွဲ့တို့က ညှိနှိ်ုင်းအစည်းအဝေးသို့ တက်​​ရောက်​ခဲ့ပါသည်​။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက် သည့်အခါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်အရာများကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံစဉ်တွင် အကောင်အထည်မဖော်ရသေးသည့် ကိစ္စရပ် များရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လာရောက်တွေ့ဆုံရာတွင် မိမိတို့ကျေးရွာများမှ ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးများက မေးမြန်းတင်ပြကြစေလိုကြောင်း၊ မိမိရပ်ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ယခုတွေ့ဆုံပွဲမှ သိရှိခဲ့သည့်အကြောင်းအရာများကို ကျေးရွာလူထုများ ထံသို့ ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမိုများပြားနိုင

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပြီး သာမာန်ဖျားနာသော အဆင့်မှ အသက်အန္တရာယ် ရှိသည်အထိ ပြင်းထန်မှု ရှိသော ရောဂါတစ်မျိုး ဖြစ်ရာ လွန်ခဲ့သော (၅)နှစ်တာ အတွင်း ရောဂါဖြစ်ပွားမှု စာရင်းများကို နှိုင်းယှဉ်၍ ပညာရှင်များ၏ ခန့်မှန်းမှုအရ ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမို များပြားနိုင်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပသည့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။ ဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စောချစ်ခင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ၂၅. ၄ .၂၀၁၉ ရက်နေ့ တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေး ဆွဲရေးအလုပ်ရုံဆွေးနွေးပွဲအား ဝ၉၀ဝ နာရီမှ ၁၂၀ဝ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် မြဝတီမြို့၏ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး တက်ရောက်

ကရင်ပြည်နယ် မြဝတီမြို့၏ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် သောင်ရင်းခန်းမအနီးဗဟိုမဏ္ဍပ်၌ (၁၃.၄.၂၀၁၉) ရက်နေ့ ညနေ ၅ နာရီတွင် ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံမှ တာ့(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဇနီး အပါအဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် မြဝတီခရိုင် မြဝတီမဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မြူမှောင်ဝေကင်းသီချင်းဖြင့် ဖျော်ဖြေပြီး ဆက်လက်၍ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် မြဝတီမြို့၏မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့သို့ရောက်ရှိပြီး ဘီးလင်းမြစ် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်အတွင်း ဘီးလင်းမြစ်အတွင်း ရေစီးရေလာကောင်းစေရန် သဲသောင်များ တူးဖော်ထားရှိသဖြင့် ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ရှင်းလင်တင်ပြချက်အရ သိရှိရပါသည်။ ထို့နောက် သထုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးသို့ ရောက်ရှိရာ မွန်ပြည်နယ် ဦးစီးမှူးမှ မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် ဆည်မြောင်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေထိန်းတံခါးနှင့် ရေတံခါးရွက်အသစ် တပ်ဆင်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေငန်တားတမံ တည်ဆောက်ခြင်း၊ ကျောက်စီနံရံတည်ဆောက်ခြင်း ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတက်ရောက

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းတို့သည် ၂၈.၅.၂၀၁၉ ရက်နေ့မှ ၂၉.၅.၂၀၁၉ ရက်နေ့ထိ မွန်ပြည်နယ်၊မော်လမြိုင်မြို့ ငွေမိုးဟိုတယ် ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း ညသတင်းရရှိပါသည်။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကလေးအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ တက်ရောက်

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင် နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုး ဦး၊ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် ၁၃ ၅ ၂၀၁၉ ရက်နေ့ ၁၄၀ဝ နာရီတွင် ဘားအံမြို့၊ Grand Hill Hotel ၌ ကျင်းပပြုလုပ်သည့် ကလေးအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲသို့တက်ရောက် ၍အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။