ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် ၀န်ကြီးချုပ်သစ်များခန့်အပ်ရေး

မတ်လ ၁၀ ရက်နေ့မှာ ဒုသမ္မတတွေရဲ့ အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းပြီး သမ္မတသစ်နေရာ အတွက် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သမ္မတ ရာထူးရွေးချယ်တော့မယ် သမ္မတ ရွေးချယ်ပြီးရင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ခန့်ထားဖို့ ရှိပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ရာထူးနေရာ အတွက် အမည် စာရင်းတချို့ သတင်းထွက်ပေါ်လာပါတယ်။ အရေးပါတဲ့ နေရာ တချို့ကတော့ ကချင်ပြည်နယ်မှာ ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်မှာ ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်မှာ ဦးညီပု၊ ကရင်ပြည်နယ်မှာ ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းမှာ ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းမှာ မန်းဂျော်နီ၊ စစ်ကိုင်းတိုင်းမှာ ဒေါက်တာ မြင့်နိုင်တို့ ဖြစ်ပါတယ်။ ဒီအမည် စာရင်း အတွက် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

MICA ဖျက်သိမ်းရေးအဆို လက်ခံဆွေးနွေးရန် လွှတ်တော်ဆုံးဖြတ်

MICA နှင့်ပတ်သက်၍ လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ − နန္ဒ) နိုင်ငံတော်နှင့်နိုင်ငံ သားများအကျိုးမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ်ခြယ်လှယ်ခဲ့ သော မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(MICA – Myanmar International Cooperation Agency)  ဖျက်သိမ်းပေးရန်အဆိုကို လွှတ် တော်၌ ဆွေးနွေးရန် အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ တိရစ္ဆာန်ဆရာဝန်ဖြစ်သည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက ဒီဇင်ဘာ ၁၄ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းခြင်းဖြစ်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့ ၏ တရားဝင်ခွင့်ပြုမိန့်မရဘဲ သိမ်း ဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည် သို့စီမံထားကြောင်းနှင့်ရရှိသည့် ငွေကြေးများ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းကော်မတီ KUPC က အထက်မြန်မာပြည် ကရင်လူထုနှင့် တွေ့ဆုံပွဲ မန္တလေးမြို့၌ ဒီဇင်ဘာလတွင် ပြုလုပ်မည်

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များတွင် အထက်မြန်မာပြည်ရှိ ကရင်လူထု၏ သဘောထားဆန္ဒ ရယူရန် မန္တလေးမြို့၌ ယခုနှစ် ဒီဇင်ဘာလတွင် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းကော်မတီ (KUPC)က တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အနေဖြင့် ကရင်လူထု၏ သဘောဆန္ဒ ရယူရန် လူထုတွေ့ဆုံပွဲကို ကရင်တိုင်းရင်းသားများ အများစု နေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်း ဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် KNU ဗဟိုဌာနချုပ် တည်ရှိရာ ကော်သူလေးဒေသတို့တွင် ပြုလုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ရည်ရွယ်ပြီးနောက် KUPC အနေဖြင့် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေး

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး နေ့အခမ်းအနားကို ၂၅.၅.၂၀၁၉ ရက်နေ့ ဝ၉၀ဝ နာရီအချိန်တွင် ဘားအံမြို့ အ.ထ.က ( ၁ )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မွန်တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မိလများတက်ရောက်ခဲ့ကြပါသည် ဆက်လက်၍ ကျောင်းသူကျောင်းသားများမှ မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနား အားဖွင့်လှစ်ခြင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အမှာစကားပြောကြားခြင်း၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခြင်း၊ ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များအား ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ၂၆.၅.၂၀၁၉ ရက်နေ့ ၁၀ဝ၀ နာရီတွင် ဘားအံမြို့၊ပြည်နယ်ကျန်းမာရေးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဇော်လင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ဒေါက်တာမင်းမျိုးကြည်မှ မိုးတွင်းကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးအန္တရာယ် အကြောင်းအား ရှင်းလင်းခြင်းနှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှလည်း သိရှိလိုသည်များအားမေးမြန်းခြင်း၊ တာဝန်ရှိသူများမှလည်းပြန်လည် ဖြေကြားခဲ့ကြ ကြောင်းသတင်းရရှိပါသည်။