ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ အ.ထ.က (ခွဲ) ကော့ဂိုး (၆၀×၃၀)ပေ တစ်ထပ် RC၊ ဘုရားကြီးကျေးရွာ ချောင်းကူးတံတားအား ကျေးလက်ဦးစီးဌာန မှ ဦးဆောင်သော၊ ကော့မိကျေးရွာ စက်ရေတွင်းမှ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ခဲ့ပြီးနောက် လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်းဆေးခဲ့။

ကော့ကရိတ်၊ ဇွန်လ (၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ကရိတ်မြို့နယ်၊ အ.ထ.က(ခွဲ)ကော့ဂိုး (၆၀× ၃၀)ပေ တစ်ထပ် RC၊ ဘုရားကြီးကျေးရွာ ချောင်းကူးတံတားအား ကျေးလက်ဦးစီးဌာနမှ ဦးဆောင်သော၊ ကော့မိကျေးရွာ စက်ရေတွင်းမှ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီးနောက် လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (28-June-2020) SundayFourth Day

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ကြာအင်း‌ချောင်းကူးတံတား(၅၆မီတာ)ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်

လှိုင်းဘွဲ၊ ဇွန်လ (‌၂၈)ရက် ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀၃၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ကြာအင်း‌ချောင်းကူးတံတား(၅၆မီတာ)ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်မှအဖွင့်အမှာစကား‌ ပြောကြားခဲ့ပြီး၊ Japan Infrastructure Partanership( JIP)မှ ဦးသန့်စင်မှ တံတားလုပ်ငန်းနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ၊ ကြာအင်းကျောင်းဆရာတော်ဦးသူရိယမှ ကျေးဇူးတင်စကားပြောကြားပြီး‌နောက်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်မှ Japan Infrastructure Partanership (JIP)မှ တာ၀န်ရှိသူအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။အခမ်းအနားသို့ ကြာအင်းကျောင်းဆရာတော်ဦးသူရိယ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ သစ်တော သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဦးစောပြည်သာ၊ JIPမှ တာ၀န်ရှိသူ ဦးသန့်စင်၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနှင့် ကြွရောက်လာသော ဧည့်သည်တော်များ တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။ (28-June-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့။

လှိုင်းဘွဲ၊ ဇွန်လ (၂၈)ရက် (၂၈-၆-၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ လွတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ (28-June-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့နယ်၊ ကော့ထိုကီးကျေးရွာ၊ ကော့ထိုကီး တန်ဖိုးနည်းအိမ်ယာ ဆောက်လုပ်နေမှု အခြေအနေများ၊ အနောက်ဖက်ကမ်း- ကမ်းနီ-‌ ကော့ဘိန်းလမ်း(၃/၀မိုင်×၁၂’- ၀”× ၀’×၇”) ကွန်ကရစ်လမ်းခင်းခြင်း ကျေးလက်ဦးစီးဌာနမှ ဦးဆောင်သောလုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး။

ကော့ကရိတ်၊ ဇွန်လ (၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ(QC) အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ကရိတ်မြို့နယ်၊ ကော့ထိုကီးကျေးရွာ၊ ကော့ထိုကီးတန်ဖိုးနည်းအိမ်ယာဆောက်လုပ်နေမှု အခြေအနေများ၊ အနောက်ဖက်ကမ်း- ကမ်းနီ-‌ ကော့ဘိန်းလမ်း (၃/၀မိုင်×၁၂’- ၀”×၀’×၇”)ကွန်ကရစ်လမ်းခင်းခြင်း ကျေးလက်ဦးစီးဌာနမှ ဦးဆောင်၍၊ ကရင်ပြည်နယ်၊ အခြေခံပညာဦးစီးဌာန စာသင်ကျောင်းဆောက်လုပ်ခြင်း(၁၃၀’×၃၀’) RCC(၂)ထပ်ဆောင် လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်းဆေးခဲ့ပါသည်။ (28-June-2020) SundayFourth Day

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်။

ကော့ကရိတ်၊ ဇွန်လ (၂၈)ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဌ ဦးသန့်ဇင်အောင်နှင့်ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC) အဖွဲ့များမှကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၈.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ (28-June-2020) SundayFourth Day

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့နယ်၊လောင်းကိုင်-ကမ္မရိုက်‌ လေးမြေသားလမ်း (၅/၁)မိုင်အနက် (၂/၀)မိုင်နှင့်(၁၀’) တံတား(၂)စင်း တည် ဆောက်ပြီးနှင့် အလယ်ကွန်းကျေးရွာ၊ ကုန်ထုတ်လမ်းတံတားအား ကျေးလက်ဦးစီးဌာနမှ ဦးဆောင်သောလုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး။

ကော့ကရိတ်၊ ဇွန်လ (၂၇) ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC) အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ကရိတ်မြို့နယ်၊လောင်းကိုင်-ကမ္မရိုက်‌လေးမြေသား လမ်း(၅/၁)မိုင်အနက် (၂/၀)မိုင်နှင့်(၁၀’) တံတား (၂) စင်း တည်ဆောက်ပြီးနှင့် အလယ်ကွန်းကျေးရွာ၊ ကုန်ထုတ်လမ်းတံတားအား ကျေးလက်ဦးစီးဌာနမှ ဦးဆောင်သောလုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (27-June-2020) SaturdayThird DayThird time

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ ခရင်းကျေးရွာ အ.လ.က(ခွဲ)၊ တန်ဖိုးနည်းအိမ်ယာတစ်လုံး ဆောက် လုပ်နေမှုအခြေအနေအား ခရင်းကျေးရွာ ရေပေးရေးလုပ်ငန်း {၄”၀ တွင်းအိမ် (၈’×၅’×၄’) ရေကန် (၅’×၅’×၇)}ရေစက်ရုံ ၊ ထီဖိုးကလောင်ကျေးရွာ၊ မူလွန်ကျောင်း (၉၀×၃၀) ပေ တစ်ထပ် (Steel structure)လုပ်ငန်း‌များ ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့။

ကော့ကရိတ်၊ ဇွန်လ (၂၇) ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ာ့ကရိတ်မြို့နယ်၊ ခရင်းကျေးရွာ အ.လ.က(ခွဲ)၊ တန်ဖိုးနည်းအိမ်ယာတစ်လုံး ဆောက်လုပ်နေမှုအခြေအနေအား ခရင်းကျေးရွာ ရေပေးရေးလုပ်ငန်း {၄”၀ တွင်းအိမ် (၈’×၅’×၄’) ရေကန် (၅’×၅’×၇)}ရေစက်ရုံ ၊ ထီဖိုးကလောင်ကျေးရွာ၊ မူလွန်ကျောင်း (၉၀×၃၀) ပေ တစ်ထပ်(Steel structure) လုပ်ငန်း‌များ ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (27-June-2020) SaturdayThird DaySecond time

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့သွားရောက်စစ်ဆေးမည့်ဌာနများနှင့် လုပ်ငန်းများအတွက် ညှိနှိုင်းအစည်း‌အဝေး ပြုလုပ်။

ကော့ကရိတ် ဇွန်လ (၂၇)ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC) အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၇.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးပြီးနောက် မုဒုံ-ချောင်းနှစ်ခွ-မဲသ ရော-လှိုင်ကွယ်-ကော့ကရိတ်လမ်း(မဲသရော-လှိုင်ကွယ် အပိုင်း)ပေါ်ရှိ (၁၀၀)ပေတံတား တည်ဆောက်ဆဲ လုပ်ငန်းများနှင့် သမိန်ဒွတ်-ခရင်-ကညင်ကတိုက် (၁၆/၀)မိုင်အနက်မှ(၁၁/၀)မိုင်ခင်းပြီးကျန်(၅/၀)မိုင်မှ (၂/၀)မိုင်‌ ကျောက်ချောလမ်းခင်းပြီး နေရာများကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (27-June-2020) SaturdayThird DayFirst Time

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ သွေးလွန် တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် အခမ်းအနား တက်ရောက်။

လှိုင်းဘွဲ၊ ဇွန်လ (၂၆)ရက် (၂၆-၆-၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ (26-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အ.ထ.ကနှင့် ကုသရေးဦးစီးဌာန(နဘူးတိုက်နယ်ဆေးရုံး) နှစ်ခန်းတွဲတစ်ထပ်ဆရာ၀န်နေအိမ်နှင့် လေးခန်းတွဲတစ်ထပ်၊ ၀န်ထမ်းအိမ်ယာ လုပ်ငန်းပြီးစီးမှု အ‌‌ခြေအနေများကို ကွင်းဆင်းစစ်ဆေး။

ကော့ကရိတ် ဇွန်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ-ကြာအင်း (၇/၂)မိုင်အနက် (၁/၂)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်းပေါ်ရှိ ကွန်ကရစ်တံတား(၅၀’)(၁)စင်းနှင့် (၆၀’)(၁) စင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ကော့ကရိတ်မြို့နယ်၊ နို့ဘော်ဟဲကျေးရွာ၊ အ.မ.က (၁၀၀’ ×၃၀’ တစ်ထပ်၊ RC+SS)လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက်။ဆက်လက်၍ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အ.ထ.က ( ၆၀’×၃၀’တစ်ထပ်၊ RC+SS)လုပ်ငန်းများနှင့် ကုသရေးဦးစီးဌာန(နဘူးတိုက်နယ်ဆေးရုံး) နှစ်ခန်းတွဲတစ်ထပ်ဆရာ၀န်နေအိမ်နှင့် လေးခန်းတွဲတစ်ထပ်၊ ၀န်ထမ်းအိမ်ယာ လုပ်ငန်းပြီးစီးမှု အ‌‌ခြေအနေများနှင့် ဘုရားကုန်း-မွန်စု လမ်းပေါ်ရှိ ကွန်ကရစ်တံတားနှင့် ကော့ပလန်တံတားအား ကျေးလက်လမ်းဦးစီးမှ ဦး‌ဆောင်သော လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (26-June-2020) Friday