ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း။

လှိုင်းဘွဲ ဇွန် (၆)ရက်

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦး‌စောချစ်ခင်၊ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချူပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများနှင့်အတူ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြဘုန်းတော်ကြီးကျောင်း၊လှိုင်းဘွဲမြို့မကျောင်း၊တောရကျောင်း၊တောင်သုံးလုံးဦးကျောင်း၊ရွှေဂွန်းကျေးရွာရှိကမ်းနီကျောင်းတိုက်နှင့် ဘားအံမြို့နယ် နောင်ကမြိုင်ရွာကြီးကျောင်းတိုက်များသို့ ဆန်၊ဆီ၊နှာခေါင်းစည်း၊အခြားအသုံးအဆောင်များအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

(၆-၆-၂၀၂၀)

Saturday