ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၈)ရက်

၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြာရေးမှူးဒေါက်တာသက်ဇော်ဦးမှ ဖြည့်စွက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှ တက်ရောက် လာသူများမှ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ နိုင်၀င်းအောင်ကုမ္ပဏီအဖွဲ့နှင့် တိုင်းတော်ထူးကုမ္ပဏီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(8-June-2020)Monday