ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အမျိုးသားလူနာ ၃ ဦး(လူကြီး၂ဦး၊ကလေး ၁ဦး)အား သွားရောက်ကြည့်ရှု့၍ ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစောဘီစံသိန်းမြင့်တို့သည် (၉.၆.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့သို့ ရောက်ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသောယမန်နေ့ည ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အမျိုးသားလူနာ ၃ ဦး(လူကြီး၂ဦး၊ကလေး ၁ဦး)အား သွားရောက်ကြည့်ရှု့ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ယမန်နေ့ညတွင် ကော့ကရိတ်မြို့ရှိ မြို့မရဲစခန်းအနီး၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာတွင် အမျိုးသား ၃ ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာ(သာမန်)ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

(9-June-2020) Tuesday