ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုတွင်စုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်။

လှိုင်းဘွဲ၊ ဇွန်လ (၉)ရက်

(၉.၆.၂၀၂၀) ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင်ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္ထုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌စောပြည်သာ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးခင်ချိုနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုရှိ ကော့လုံကျွန်း၊ ကျွန်းပတ်လမ်း တစ်လျှောက်တွင် ငုဝါပင် (၅၀၀၀) စိုက်ပျိုးခဲ့‌ကြပါသည်။