ဘားအံ၊ ဇွန်လ (၁၁)ရက်
၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ၀ယ်သူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းက အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြာရေးမှူးဒေါက်တာသက်ဇော်ဦးမှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၀ယ်ယူမည့်ပစ္စည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှ တက်ရောက်လာသူများမှ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။
(11-June-2020)
Thursday