ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၁၂)ရက်

၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးမှ ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အစည်းအဝေးကို တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် တိုင်းတော်ထူးကုမ္ပဏီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(12-June-2020)

Friday