ဘားအံ၊ ဇွန်လ (၁၈)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်အောင်မှ တင်ပြဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြုံပြုရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။ (18-June-2020) Thursday
Day: June 18, 2020
ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လွှတ်တော်ရုံး၀န်းထမ်းများသည် ခေမာသီဝံဘုန်းတော်ကြီးကျောင်းအ၀င် လမ်းဘေးဝဲယာနှင့် ဘုန်းကြီး ကျောင်းပရဝုဏ်အတွင်း၌ ငုပင်(၃၀၀)နှင့် စိန်ပန်းနီပင် (၁၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့။
ဘားအံ ဇွန်လ (၁၈)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံး၀န်းထမ်းများသည် (၁၈.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၇၀၀)နာရီအချိန်တွင် ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းအ၀င် လမ်းဘေးဝဲယာနှင့် ဘုန်းကြီးကျောင်းပရဝုဏ်အတွင်း၌ ငုပင်(၃၀၀) ပင်၊ စိန်ပန်းနီ(၁၀၀) ပင် တို့အား ဆရာတော်ဘုရား၏ မေတ္တာစေတနာများအား ရှေ့ထားပြီး စုပေါင်းစိုက်ပျိူးခဲ့ကြပါသည်။ (18-June-2020) Thursday