ဘားအံ၊ ဇွန်လ (၁၈)ရက်
၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်အောင်မှ တင်ပြဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြုံပြုရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။
(18-June-2020)
Thursday


