ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ ကျေးရွာအရောက်ပေးအပ်။

လှိုင်းဘွဲ၊ ဇွန်လ (၂၀)ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကဒီကံကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၃၉)ဦး၊ တာပေါင်ကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁၉၅)ဦး တို့ကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

(20-June-2020)

Saturday