ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ခရမ်းကျွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လိုအပ်သည့် ဘိလပ်မြေအိတ်( ၅၀၀)အား‌ ပေးအပ်လှူဒါန်းခဲ့။

လှိုင်းဘွဲ၊ ဇွန်လ (၂၃)ရက်

(၂၃.၆.၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခင်ချို၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ခရမ်းကျွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောက်လုပ်ရန်အတွက် လိုအပ်သည့် ဘိလပ်မြေအိတ်( ၅၀၀)အား‌ ကျောင်းထိုင်ဆရာတော်ကိုပေးအပ်လှူဒါန်းခဲ့ပါသည်။

(23-June-2020)

Tuesday