ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဘားအံ ဇွန်လ (၂၅) ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား (၂၅.၆. ၂၀ ၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (25-June-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၂၀၀×၃၀×၂၄)RCC (နှစ်ထပ်) ဆောက်လုပ်နေခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့။

ကော့ကရိတ်၊ ဇွန်လ (၂၅)ရက် ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန် ထမ်းများ (QC)အဖွဲ့များမှ ကော့ကရိတ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၂၀၀× ၃၀ ×၂၄) RCC(နှစ်ထပ်)ဆောက်လုပ်နေခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (25.June.2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်။

ကော့ကရိတ်၊ ဇွန်လ (၂၅)ရက် ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ(QC)အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် (၂၅.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ (25-June-2020) ThursdayFirst Day