ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ သွေးလွန် တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် အခမ်းအနား တက်ရောက်။

လှိုင်းဘွဲ၊ ဇွန်လ (၂၆)ရက် (၂၆-၆-၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ (26-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အ.ထ.ကနှင့် ကုသရေးဦးစီးဌာန(နဘူးတိုက်နယ်ဆေးရုံး) နှစ်ခန်းတွဲတစ်ထပ်ဆရာ၀န်နေအိမ်နှင့် လေးခန်းတွဲတစ်ထပ်၊ ၀န်ထမ်းအိမ်ယာ လုပ်ငန်းပြီးစီးမှု အ‌‌ခြေအနေများကို ကွင်းဆင်းစစ်ဆေး။

ကော့ကရိတ် ဇွန်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ-ကြာအင်း (၇/၂)မိုင်အနက် (၁/၂)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်းပေါ်ရှိ ကွန်ကရစ်တံတား(၅၀’)(၁)စင်းနှင့် (၆၀’)(၁) စင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ကော့ကရိတ်မြို့နယ်၊ နို့ဘော်ဟဲကျေးရွာ၊ အ.မ.က (၁၀၀’ ×၃၀’ တစ်ထပ်၊ RC+SS)လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက်။ဆက်လက်၍ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အ.ထ.က ( ၆၀’×၃၀’တစ်ထပ်၊ RC+SS)လုပ်ငန်းများနှင့် ကုသရေးဦးစီးဌာန(နဘူးတိုက်နယ်ဆေးရုံး) နှစ်ခန်းတွဲတစ်ထပ်ဆရာ၀န်နေအိမ်နှင့် လေးခန်းတွဲတစ်ထပ်၊ ၀န်ထမ်းအိမ်ယာ လုပ်ငန်းပြီးစီးမှု အ‌‌ခြေအနေများနှင့် ဘုရားကုန်း-မွန်စု လမ်းပေါ်ရှိ ကွန်ကရစ်တံတားနှင့် ကော့ပလန်တံတားအား ကျေးလက်လမ်းဦးစီးမှ ဦး‌ဆောင်သော လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (26-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဘားအံ ဇွန်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား (၂၆.၆. ၂၀ ၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (26-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ ထီးဖိုစံကျေးရွာ တူးမြောင်းဖောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ထီးဖိုစံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တန်ဖိုးနည်းအိမ်ယာတစ်လုံး ဆောက်လုပ်နေမှုအခြေအနေအား ကွီမောင်တိုင် ‌ကျေး ရွာ အမကစက်ရေတွင်းလုပ်ငန်းနှင့် နဘူး-နောင်တပွဲလမ်းပေါ်ရှိတံတားအားလုပ်ငန်း‌ ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့။

ကော့ကရိတ်၊ ဇွန်လ (၂၆) ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ကရိတ်မြို့နယ်၊ ထီးဖိုစံကျေးရွာ တူးမြောင်းဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ထီးဖိုစံအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ တန်ဖိုးနည်းအိမ်ယာတစ်လုံး ဆောက်လုပ်နေမှုအခြေအနေအား ကွီမောင်တိုင်ကျေးရွာအမကစက်ရေတွင်းလုပ်ငန်းနှင့်နဘူး – နောင်တပွဲလမ်းပေါ်ရှိတံတားအားလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (26-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်။

ကော့ကရိတ်၊ ဇွန်လ (၂၆)ရက် ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်၊ ကော့ကရိ တ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဌဦးသန့်ဇင်အောင်နှင့်ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များမှကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၆.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ (26-June-2020) FridaySecond Day