ကော့ကရိတ် ဇွန်လ (၂၆)ရက်
ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ-ကြာအင်း (၇/၂)မိုင်အနက် (၁/၂)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်းပေါ်ရှိ ကွန်ကရစ်တံတား(၅၀’)(၁)စင်းနှင့် (၆၀’)(၁) စင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ကော့ကရိတ်မြို့နယ်၊ နို့ဘော်ဟဲကျေးရွာ၊ အ.မ.က (၁၀၀’ ×၃၀’ တစ်ထပ်၊ RC+SS)လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက်။
ဆက်လက်၍ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အ.ထ.က ( ၆၀’×၃၀’တစ်ထပ်၊ RC+SS)လုပ်ငန်းများနှင့် ကုသရေးဦးစီးဌာန(နဘူးတိုက်နယ်ဆေးရုံး) နှစ်ခန်းတွဲတစ်ထပ်ဆရာ၀န်နေအိမ်နှင့် လေးခန်းတွဲတစ်ထပ်၊ ၀န်ထမ်းအိမ်ယာ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဘုရားကုန်း-မွန်စု လမ်းပေါ်ရှိ ကွန်ကရစ်တံတားနှင့် ကော့ပလန်တံတားအား ကျေးလက်လမ်းဦးစီးမှ ဦးဆောင်သော လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
(26-June-2020)
Friday




