ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုတွင်စုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်။

လှိုင်းဘွဲ၊ ဇွန်လ (၉)ရက် (၉.၆.၂၀၂၀) ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင်ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္ထုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌စောပြည်သာ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးခင်ချိုနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုရှိ ကော့လုံကျွန်း၊ ကျွန်းပတ်လမ်း တစ်လျှောက်တွင် ငုဝါပင် (၅၀၀၀) စိုက်ပျိုးခဲ့‌ကြပါသည်။

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၈)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြာရေးမှူးဒေါက်တာသက်ဇော်ဦးမှ ဖြည့်စွက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှ တက်ရောက် လာသူများမှ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ နိုင်၀င်းအောင်ကုမ္ပဏီအဖွဲ့နှင့် တိုင်းတော်ထူးကုမ္ပဏီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ (8-June-2020)Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လွှတ်တော်ကိုယ် စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းမြေဖို့ခြင်းလုပ်ငန်းများအားကွင်းဆင်းကြည့်ရှူ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ် စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းမြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံ နေရာများအား ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် တာ၀န်ရှိသူများ ဇွန်လ (၇)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ (7-June-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကော့ရင်းအောက်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနမှဖောက်လုပ်ခဲ့သည့်အရှည် (၄.၂၅)မိုင်ရှိ တူးမြောင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှူ

ဘားအံ ဇွန်လ (၇)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ကော့ရင်းအောက်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနမှဖောက်လုပ်ခဲ့သည့်အရှည် (၄.၂၅)မိုင်ရှိ တူးမြောင်းအားလွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ တာ၀န်ရှိသူများနှင့်အတူ သွားရောက်ပြီး ဇွန်လ (၇)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့သည်။ (7-June-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း။

လှိုင်းဘွဲ ဇွန် (၆)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦး‌စောချစ်ခင်၊ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချူပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများနှင့်အတူ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြဘုန်းတော်ကြီးကျောင်း၊လှိုင်းဘွဲမြို့မကျောင်း၊တောရကျောင်း၊တောင်သုံးလုံးဦးကျောင်း၊ရွှေဂွန်းကျေးရွာရှိကမ်းနီကျောင်းတိုက်နှင့် ဘားအံမြို့နယ် နောင်ကမြိုင်ရွာကြီးကျောင်းတိုက်များသို့ ဆန်၊ဆီ၊နှာခေါင်းစည်း၊အခြားအသုံးအဆောင်များအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။ (၆-၆-၂၀၂၀) Saturday

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဘားအံမြို့နယ်၊ ဝဲပျံဂူအဝ လမ်းနှင့် လှိုင်းဘွဲမြို့နယ်၊ကော့လုံကျွန်းပတ်လမ်းရှိ ဆောက်လုပ်ဆဲတံတား(၄) စင်းများအား သွားရောက် ကြည့်ရှူစစ်ဆေး

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး‌စောချစ်ခင်သည် (၃၁.၅.၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ်၊ ဝဲပျံဂူအ၀ လမ်းနှင့် လှိုင်းဘွဲမြို့နယ်၊ကော့လုံကျွန်းပတ်လမ်းရှိ ဆောက်လုပ်ဆဲတံတား(‌‌၄)စင်းများအား သွားရောက် ကြည့်ရှူစစ်ဆေးခဲ့ပါသည်။