ဘားအံ၊ ဇူလိုင်လ (၃၁)ရက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ကရင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် တာ၀န်ရှိသူ များတို့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူဆရာတော်အား လမ်းပြုပြင်ရန် လုပ်ငန်းအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့ပြီး၊မြိုင်ကြီးငူအထူးဒေသ( lDP) စခန်းကျောင်းသား/သူများအား ကျောင်းဝတ်စုံ အဖြူ/ အစိမ်း( ၄၄၅)စုံ၊ ဗလာစာအုပ် ( ၄၄၅ ) ဒါဇင်နှင့် (covid-19) ကြိုတင်ကာကွယ်ရေး မြိုင်ကြီးငူစစ််ဘေးရှောင်စခန်း( ၂) ခုအတွက် ထုံးအိတ် (20)အိတ်၊ ဆပ်ပြာ (5218)တုံး၊ Mask (1500)ခု သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (31-July-2020) Friday
Month: July 2020
(၇/၂၀၂၀) လအတွက် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်း။
ဘားအံ၊ ဇူလိုင်လ (၃၀)ရက် ကရင်ပြည်နယ်လွှတ်တော်၏ (၇/၂၀၂၀) လအတွက် ဆန္ဒဖော်ထုတ်ပွဲကို(၃၀.၇.၂၀၂၀)ရက်နေ့ ၊ (၁၅၀၀) နာရီအချိန်တွင် လွှတ်တော်ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ လွှတ် တော်ရုံး ညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအမှာစကားပြောကြားခဲ့ရာ မိမိတို့သက်ဆိုင်ရာ ဌာနစုများအလိုက် ရုံးလုပ်ငန်းတာ၀န်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် ရုံးအဖွဲ့များမှ အထွေထွေဆွေးနွေး တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြပါသည်။ (30-July-2020) Thursday
ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းသည် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူစစ်ဆေးခြင်း။
ဘားအံ၊ ဇူလိုင်လ (၃၀)ရက် (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံ နေရာများအား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ တိုင်းတော်ထူးကုမ္ပဏီအဖွဲ့နှင့် တာ၀န်ရှိသူများ ဇူလိုင်လ (၃၀)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ (30-July-2020) Thursday
ကရင်ပြည်နယ်လွှတ်တော်၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၃၀)ရက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်း အဝေး တက်ရောက်ခဲ့ကြပါသည်။ (30-July-2020) Thursday
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၃၀)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား (၃၀.၇. ၂၀၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (30-July-2020) Thursday
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲနှင့် တခွက်ဖိုးအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက် ခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၈)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂၈.၇. ၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲနှင့် တခွက်ဖိုး အုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေ သွားရောက်ပေးအပ်ခဲ့ပါသည်။ (28-July-2020) Tuesday
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၈)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၈.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (28-July-2020) Tuesday
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၈)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၈.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (28-July-2020) Tuesday
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၇.၇.၂၀၂၀)ရက်နေ့၊နံနက်(၀၇၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (27-July-2020) Monday
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂၇.၇.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို နောင်မြလွဲကျေးရွာအုပ်စု၊ ကော့ဖမွတ်ကျေး ရွာအုပ်စုနှင့် ကော့နွဲ့ကျေးရွာအုပ်စုများသို့ သွားရောက်ပေးအပ်ခဲ့ပါသည် ။ထို့နောက် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းများ ကြေငြာထားခြင်းအားသွားရောက်ကြည့်ရှု့ခဲ့ပါသည်။ (27-July-2020) Monday