ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ညှိနှိုင်းအစည်းအဝေးပြုလုပ်။

မြ၀တီ၊ ဇူလိုင်လ (၂)ရက်

၂၀၁၉ – ၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များမှ ကွင်းဆင်း စစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်လမ်းဦးစီးဌာန ရိပ်သာ အစည်းအဝေးခန်းမတွင် (၂.၇.၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၃၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးပြီးနောက် ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် မြ၀တီ အ.မ.က-၁၀၁၇ ကျောင်းဆောင်နှင့် မြ၀တီမြို့နယ်၊ ထီးဝါပလောကျေးရွာ (၄၅’) RCC ကွန်ကရစ် တံတား(၁)စင်း တည်ဆောာက်ဆဲဖြစ်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

2-July-2020

Thursday