မြ၀တီ၊ ဇူလိုင်လ (၃)ရက်
၂၀၁၉ – ၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇင်အောင် နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများ (QC)အဖွဲ့များမှ ကွင်းဆင်း စစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်လမ်းဦးစီးဌာန ရိပ်သာ အစည်းအဝေးခန်းမတွင် (၃.၇.၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
3-July-2020
Friday


