ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ

၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်။

မြ၀တီ၊ ဇူလိုင်လ (၅)ရက်

၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံး ဆိုင်ရာ စိစစ် အကြံပြုရေး ကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများ (QC)အဖွဲ့များမှ ကွင်းဆင်း စစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်လမ်းဦးစီးဌာန ရိပ်သာ အစည်းအဝေးခန်းမတွင် (၅.၇.၂၀၂၀)ရက်နေ့ နံနက် (၀၇:၃၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးပြီးနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရသုံး ဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ရွှေကုက္ကို ကုန်ထုတ်လမ်းနှင့် ကျေးလက်ဦးစီးဌာနက ဦးဆောင်သော တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

5-July-2020

Sunday