ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ကြာအင်း (အထက) RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း။

လှိုင်းဘွဲ၊ ဇူလိုင်လ (၁၈)ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြာအင်း(အထက) RC နှစ်ထပ်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကြာအင်းအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် တက်ရောက်ခဲ့သည်။ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ ကြာအင်းကျောင်းဆရာတော် ဘဒ္ဒန္တဉူးသူရိယတို့ကကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ကြာအင်းကျောင်းဆရာတော် ဘဒ္ဒန္တဉူးသူရိယက ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း များနှင့် ပတ်သက်၍ မိန့်ကြားခြင်း နယ်ခြားစောင့်တပ် ဗဟိုအကြံပေး နှင့်ကွပ်ကဲရေးအထွေထွေ အတွင်းရေးမှူးဗိုလ်မှူးကြီး စောချစ်သူ က ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအတွက် ဝမ်းမြောက်စကားပြောကြားပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ကြာအင်း (အထက) RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ဟိလာအောင်ကုမ္ပဏီတာဝန်ခံက ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျောင်းအုပ်ဆရာမကြီးထံ သို့လည်းကောင်း လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်နယ်ပညာရေးမှူး ဦးငွေစိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ကျောင်းဆောင်သစ်သည် (၁၇၀)ပေ (၃၀)ပေ RC နှစ်ထပ်အမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ ကျပ်သန်း(၂၀)၊ နယ်ခြားစောင့် တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ မိသားစုက ကျပ်သန်း(၁၅၀)၊ ဒေသခံပြည်သူများက ကျပ်သန်း(၈၀) စုစုပေါင်းကျပ်သန်း (၂၅၀)ဖြင့် ဟိလာအောင်ကုမ္ပဏီမှ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ပြည်နှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ပြီးစီးခဲ့သဖြင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ကျင်ပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်ထံမှ သိရှိရသည်။