ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃)မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပ။

ဘားအံ ဇူလိုင်လ (၁၉)ရက်

ကရင်ပြည်နယ်၊ဘားအံမြို့တွင် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီမှစတင်ကာ ဘားအံမြို့၊ အာဇာနည်ကျောက်တိုင်၌ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများသည် ကိုဗစ် ၁၉ ကာလညွှန်ကြားချက်များနှင့်အညီ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ ဂါရဝပြုခြင်းနှင့် အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရှေ့ဦးစွာ ကရင်ပြည်နယ်၀န်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစောကျော်ဝင်းမောင်၊ အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုကြပြီး လွမ်းဆွတ်အောက်မေ့သတိရသောအားဖြင့် ၂ မိနစ်ငြိမ်သက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များက လွမ်းသူပန်းခွေချဂါရဝပြုကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက လွမ်းသူပန်းခွေချဂါရဝပြုကြပြီး လွတ်တော်ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်၏ ဆွေမျိုးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား/သူများ၊ ဘားအံမြို့ နှင့် ပတ်ဝန်းကျင်ဒေသများမှပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များက လွမ်းသူပန်းခွေချ၍ လာရောက်ဂါရဝပြု ကြကြောင်း သတင်းရရှိသည်။