ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

(၇/၂၀၂၀) လအတွက် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်း။

ဘားအံ၊ ဇူလိုင်လ (၃၀)ရက်

ကရင်ပြည်နယ်လွှတ်တော်၏ (၇/၂၀၂၀) လအတွက် ဆန္ဒဖော်ထုတ်ပွဲကို(၃၀.၇.၂၀၂၀)ရက်နေ့ ၊ (၁၅၀၀) နာရီအချိန်တွင် လွှတ်တော်ရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ လွှတ် တော်ရုံး ညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအမှာစကားပြောကြားခဲ့ရာ မိမိတို့သက်ဆိုင်ရာ ဌာနစုများအလိုက် ရုံးလုပ်ငန်းတာ၀န်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် ရုံးအဖွဲ့များမှ အထွေထွေဆွေးနွေး တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြပါသည်။

(30-July-2020)

Thursday