ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းသည် ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)နှင့် အမှတ်(၇)တို့အား (Covid-19)ကာလ ထောက်ပံ့ငွေပေးအပ်ခြင်း။

ကော့ကရိတ်၊ ဇူလိုင်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂၆.၇.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ် (၄)၊ အမှတ်(၅)၊ အမှတ်(၆)နှင့် အမှတ်(၇)တို့အား (Covid-19)ကာလ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။ (26-July-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများသို့ (Mask)များ သွားရောက်လှူဒါန်းခဲ့ခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးဦးခွန်မျိုးတင့်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများသို့ (Mask) များလှူဒါန်းခဲ့ခြင်း၊ ယင်း‌နောက် ပိုင်ကျုံတံတားတည်ဆောက်နေမှု အခြေအနေများ၊ အသစ်တည်ဆောက်မည့် ပိုင်ကျုံတံတား မြေနေရာတို့အား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ (26-July-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမုန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် လှိုင်းဘွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမုန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အစိုးရမှ ထောက်ပံ့ငွေ စုစုပေါင်း(၂၈၈၈)သိန်းကို လွှတ်တော်ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့သည်။ (25-July-2020) Saturday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၄)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၄.၇.၂၀၂၀)ရက်နေ့၊နံနက်(၀၈၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စု၊ ကော့ပရံကျေးရွာရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (24-July-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

(၂၀၁၉-၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၄)ရက် (၂၀၁၉-၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်‌တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊စည်ပင်သာယာရေး၀န်ကြီးဌာနနှင့် တာ၀န်ရှိသူများတို့သည် (၂၃.၇.၂၀၂၀)ရက်နေ့တွင် ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ပတ်လမ်းနှင့် Box Culvertများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်၍ ဘုရားသုံးဆူမြို့၊ ကိုဒူကွဲကျေးရွာ၊ ကြာအင်းကျေးရွာ (၂၅၀ )များပေ အုတ်စီရေမြောင်းများကို (၂၄-၇-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (24-July-2020) Friday Five Days

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၃)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၃.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (23-July-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၃)ရက် ၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင် ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေး ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် ဘုရားသုံးဆူမြို့၊ အမှတ်(၄) ရွှေတောင်ဝိုင်းလမ်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို (၂၃-၇-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (23-July-2020) Thursday Fourth Day

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ဘုရားသုံးဆူမြို့၊ ဓမ္မမဟေဝန်ဆရာတော် အား သွားရောက်ဖူးမျှော်။

ဘားအံ၊ ဇူလိုင်လ (၂၃)ရက် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် (‌‌၂၃.၇.၂၀၂၀) ရက်‌နေ့တွင် ဘုရားသုံးဆူမြို့၊ ဓမ္မမဟေဝန်ဆရာတော်အား သွားရောက်ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ (23-July-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၂)ရက် ၂၀၁၉ – ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကရင်ပြည်နယ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကြီးကျေးရွာ၊ ကုန်ထုတ်လမ်း မြေပြုပြင်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းနှင့် တံခွန်တိုင်-ကွမ်ကသောင် ကျေးရွာချင်းဆက် မြေလမ်းဖောက်လုပ်ခြင်း၊ တောင်ဒီးကျေးရွာ ကုန်ထုတ်လမ်း မြေပြုပြခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများနှင့် ဖားပြကျေးရွာ(၁၆)ကုတင်ဆန့်တိုက်နယ်ဆေးရုံနှင့် ၀န်ထမ်းအိမ်ရာများတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းများကို (၂၂-၇-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (22-July-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ‌‌ဒေါ်နန်းသူဇာ၀င်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တောင်ကလေးစံပြကျေးရွာ၊ ကွမ်ကသောင် ကျေးလက်လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ခဲ့သော လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်းဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၂)ရက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂၂.၇.၂၀၂၀) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ၊တံခွန်တိုင်ကျေးရွာ၊ တောင်ကလေးစံပြကျေးရွာ၊ ကွမ်ကသောင်‌ ကျေးလက်လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ခဲ့သော လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (22-July-2020) Wednesday Third Day