ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ(၂၈)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၈.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၉၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (28-August-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (27-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့ပေါ်တွင် နေအိမ်ပြင်ပသို့ (mask) မတပ်ဘဲ သွားလာနေသူများအား (ကိုဗစ် – ၁၉) ရောဂါကာကွယ်ရေးအတွက် ပညာပေးအဖြစ် mask တပ်သွားလာကြရန် ဌာနဆိုင်ရာများနှင့် ပူပေါင်းဆောင်ရွက်ခြင်း။

ကော့ကရိတ်၊ ဩဂုတ်လ (၂၇)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့ပေါ်တွင် နေအိမ်ပြင်ပသို့ (mask) မတပ်ဘဲ သွားလာနေသူများအား(ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးအတွက် ပညာပေးအဖြစ် mask တပ်သွားလာကြပါရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ (27-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် အမှတ်(၂)ရပ်ကွက်၊ ‌ရွှေယဉ်မျှော်စခန်းတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၅၃၈)စုအတွက် မနက်စာအဖြစ် ကြာဇံဟင်းခါးများ သွားရောက်‌ ကျွေး မွေး။

ဘားအံ၊ ဩဂုတ်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်စခန်းတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၅၃၈)စုအတွက် မနက်စာအဖြစ် ကြာဇံဟင်းခါးများ သွား ရောက်ကျွေးမွေးကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ (27-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့၀င်များတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ပညာရေး၊ ကျန်းမာရေး‌‌ကျောင်းတည်‌ဆောက်ပြီး၊ ဆောက်‌လုပ်နေဆဲဖြစ်‌သောလုပ်ငန်းများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးဆောင်သော မဲသဝေါ်လမ်း(၃၃)မိုင် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး။

ဘားအံ၊ ဩဂုတ်လ (၂၆)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ် တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ ၀င်များတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ပညာရေး၊ ကျန်းမာရေး‌‌ကျောင်းဆောက်‌လုပ်နေဆဲလုပ်ငန်းများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးဆောင်သော မဲသဝေါ်လမ်း(၃၃)မိုင် လုပ်ငန်းများကို (၂၆.၈. ၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (26-August-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (26-August-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၇)စုအတွက် မနက်စာအာဟာရပြည့်ဆန်ပြုတ်များ သွားရောက်ကျွေးမွေး။

ဘားအံ၊ ဩဂုတ်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၇)စုအတွက် မနက်စာအာဟာရအဖြစ် ဆန်ပြုတတ်များ သွားရောက်ကျွေးမွေးကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ (26-August-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် အမှတ်(၅)ရပ်ကွက်၊ Cyclone Shelter စခန်းရှိ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၉)စုအတွက် မနက်စာကျွေးပြီး လိုက်လံအားပေးစကားများပြောကြားခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၅.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ Cyclone Shelter စခန်းရှိ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၉)စုအတွက် မနက်စာအာဟာရအဖြစ် ကြာဇံဟင်းခါးတိုက်ကျွေးလှူဒါန်းကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ (25-August-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၅.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (25-August-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်း‌ကျေးရွာအုပ်စု ရေဝင်ရောက်မှုအား လိုက်လံကြည့်ရှု့ခဲ့ပြီး‌ နောက် ကိုမောင်ကျေးရွာတွင် ကူညီ‌ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်ခဲ့ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် (၂၅-၈-၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်း‌ ကျေးရွာအုပ်စုတွင် အိမ်‌ထောင်စုတစ်စုအား ဆန်(၄) ပြည်၊ ဆီ(၁)လီတာ တစ်ဗူး၊ ကြက်သွန်နီ (၁)ပိဿာ၊ အသား (၃)ဗူး ပေးအပ်ခဲ့ပြီးနောက် အုပ်စုနှင့် မြလေးအုပ်စုများတွင် ရေဝင်ရောက်မှုအား လိုက်လံကြည့်ရှု့ခဲ့ပြီး‌နောက် ကိုမောင်ကျေးရွာတွင် ကူညီ‌ထောက်ပံ့ရေး ပစ္စည်းများအား ပေးအပ်ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ (25-August-2020) Tuesday