ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဘားအံမြို့၊ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ် (၁၃)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၄)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂)ရက်

၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁၄)ရက်၊၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂)ရက်‌၊ တနင်္ဂနွေ‌ နေ့၊ နံနက် (၀၉၃၀)အချိန်တွင် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၄)သင်တန်းဖွင့်ပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးခွန်မျိုးတင့်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးမင်းတင်၀င်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့မှ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။

(2-August-2020)

Sunday