ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၆)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (6-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ထန်းတပင် ကျေးရွာအုပ်စုနှင့် ကြက်တူရွေးကျေးရွာ အုပ်စုများရှိ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်း ကြော်ငြာထားရှိမှုများအား သွားရောက်ကြည့်ရှု့ခြင်း။

ဘားအံ၊ ဩဂုတ်လ (၆)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၆.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုနှင့် ကြက်တူ​​ရွေး ကျေးရွာ အုပ်စုများရှိ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်း ကြော်ငြာထားရှိမှုများအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။ (6-August-2020) Thursday