ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၇)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ 7-August-2020 Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ဘီးစခတ် ကျေးရွာအုပ်စုနှင့် ပေါင်ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်း ကြော်ငြာထားရှိမှုများအား သွားရောက်ကြည့်ရှု့ခြင်း။

ဘားအံ၊ ဩဂုတ်လ (၇)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးနှင့် တာ၀န်ရှိသူများတို့သည် (၇.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ဘီးစခတ်ကျေးရွာအုပ်စု၊ ပေါင်ကျေးရွာအုပ်စုနှင့် ပတ​ကျေးရွာအုပ်စု ကော့စူးကျေး ရွာရှိ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာ ရင်း ကြော်ငြာထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ (7-August-2020) Friday