ဘားအံ၊ ဩဂုတ်လ (၈)ရက်
(၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံ နေရာများအား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦး၊ ကုမ္ပဏီအဖွဲ့နှင့် တာ၀န်ရှိသူများတို့သည် ဩဂုတ်လ(၈)ရက်၊ စနေနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(8-August-2020)
Saturday


